(17)ကျင့်စဥ်(2)

364 27 0
                                    

စုန်အာ...လွင်ပြင်ကျယ်ကျယ် နှင်းကမ္ဘာမြို့တော် ကို ရောက်နေလေရဲ့။မျက်နှာထက် အေးမြတဲ့ နှင်းပွင့်ချပ်တို့က အသာအယာ တွေ့ထိကျဆင်းနေသည်မှာ
စုန်အာ နှစ်သက်သလိုပင်ဖြစ်မိသည်။

နှင်းပွင့်နဲ့တူလှတဲ့ သူ့ကိုကိုကို...စုန်အာ သတိရမိပြန်ပြီအခု။

သူရောက်နေတာ နှင်းကမ္ဘာ အေးမြပြီးမှော်ဆန်လှတယ်။ သူ့စွမ်းအားတွေပြည့်ဝနေသလို အရမ်းနွေးထွေးနေပြန်တယ်။
ဆန့်ကျင်ဘက်ဖြစ်နေသော သူ့ကိုယ်ရဲ့ခံနိုင်ရည်ကို သူမအံ့သြပါ။ သူက မိစ္ဆာ ဘုရင်ဖြစ်လာတော့မဲ့ မကောင်းဆိုးဝါးလေးမို့ သူဘာမျိုးနွယ်ဝင်ဆိုတာ သူ့ကိုယ်သူသိတယ်။

ခြေလှမ်းအနည်းငယ်လှမ်းအပြီးမှာ စုန်အာရှေ့ကို နှင်းဧကရီရောက်ရှိလာတော့တယ်။

''အရှင်...ကျွန်တော်မျိုးမ အရှင့်ကို ကြိုဆိုပါတယ် နန်းဆောင်ထဲကြွပါ ''ဟုအရှေ့မှခေါ်ဆောင်သွားတော့သည်။

စုန်အာ လက်ကာပြကာ အနောက်မှ အသာအယာလိုက်သွားတော့တယ်။

အေးချမ်းလှတဲ့ မှော်မြို့တော်ဟာဖြင့် ယခုချိန်မှာ သခင်ရှိလာလေပြီ။ထိုသူက....စုန်အာပေ စုန်အာနန်းမွေဆက်ခံရတော့မည်။

ယခင် ဒီမြို့တော်ဟာ အရမ်းစည်းကားခဲ့တဲ့ မှော်မြို့တော်ပင်။ စုန်အာရဲ့ဖခင်ဟာ လနတ်သမီးနဲ့ကြုံဆုံခဲ့ချိန်သည် လူပြည့်ကို အလည်သွားခိုက် ကြုံဆုံခဲ့ခြင်းဖြစ်သည်။

ထင်မှတ်မထားပဲ မိစ္ဆာ နဲ့ နတ်ဒေဝါ ချစ်ကြိုးသွယ် ရင်း စုန်အာလေးကို ရခဲ့ကြခြင်းပေ။စုန်အာဟာ ခုချိန်မှာ ကျင့်စဥ်
အတွက် မှော်ကြေးမှုံထဲ ဝင်ရောက်ခဲ့ချိန်မှာ
မှော်မြို့တော်ကို တန်ရောက်လာတော့သည်။

ထင်မှတ်မထားပဲ မိစ္ဆာ နဲ့ နတ်ဒေဝါ ချစ်ကြိုးသွယ် ရင်း စုန်အာလေးကို ရခဲ့ကြခြင်းပေ။စုန်အာဟာ ခုချိန်မှာ ကျင့်စဥ်အတွက် မှော်ကြေးမှုံထဲ ဝင်ရောက်ခဲ့ချိန်မှာမှော်မြို့တော်ကို တန်ရောက်လာတော့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
စုန်အာချစ်တဲ့အိမ်ရှေ့စံကျောက်ဟွား(Completed) (bl)Where stories live. Discover now