(39)နတ်ရေကန်

188 15 0
                                    

တုန်ရီနေတဲ့ကိုယ်တစ်ခုလုံးကြောင့်
စုန်အာအနားမှာ စောင့်ကြည့်နေတဲ့ ထျန်းမန်းဟာ လော့မန်ရှီ ကို လှုပ်နှိုးမိသွားတယ်။

''အတိတ်နတ်ဆိုး..ထအုံး.. အရှင်အဖျားတွေ ဝင်နေပြီထင်တယ်။''

လော့မန်ရှီ လည်း နိုးလာကာ စုန်အာနဖူးထက်လက်တင်ကြည့်မိတော့

''အား..
ပူလိုက်တာ။''

''ထျန်းမန်း.. ရေသွားခပ်လာခဲ့မြန်မြန်။''

ထျန်း..''ဘာလုပ်မလို့လည်း ရေက။''

လော့..''အပူငြိမ်းအောင် လုပ်ရမယ်လေ။''

ထျန်း..''အော်..သိပြီ။''

ရေယူပြီး ပြန်လာတော့..လော့မန်ရှီ ရေဝတ်တစ်ခုကို စုန်အာရဲ့နဖူးထက်တင်ပေးရင်း၊

''ထျန်းမန်း အရှင့်ကိုနွေးထွေးရအောင်
မီးဖိုပေးအုံး။''

စုန်အာရဲ့ ဒဏ်ရာအရှိန်ကြောင့် အဖျားဝင်ကာ
ကိုယ်တစ်ခုလုံး တုန်ယင်နေတာမို့ သူ့တပည့်တွေမှာတော့ အလုပ်ရှုတ်ပျာယာခတ်နေခြင်းပါ။

သားရဲတောင်ခြေကိုရောက်ပြီဖြစ်တဲ့ ယွဲ့ဟာ...
သူ့ရဲ့ယပ်တောင်နဲ့လေထဲ ခဏတာဝေ့ယမ်းလိုက်ချိန် သေးငယ်တဲ့ အလင်းတန်း
များကြောင့် နဂါးကိုးသွယ်တောင်ရဲ့ အစောင့်ဟာ
ယွဲ့ရှေ့ထံရောက်ရှိလာခဲ့တယ်။

''အမိန့်ရှိပါ..''

''မဆိုးဘူးပဲ..ဒီလေပြေညှင်းတွေက မင်းကိုခေါ်ဆောင်နိုင်သားပဲ။''

ယွဲ့ရဲ့ စကားအဆုံး ''ငါအခုလာတာ သခင်ကြီးရဲ့ ကျောက်မျက်ရှင်ကိုပြန်လာယူတာပဲ။''

''မဖြစ်ဘူး...ပေးလို့။''

''အရှင့်ရဲ့..အမှာစကားဒီထဲမှာ ထည့်သွင်းထားတာမို့..ပေးလို့မရဘူး။''

''ငါတောင်းတာကို..အသာတကြည်ပေး။
မင်းအသား နာချင်နေတာလား.ဟမ်။''

''ပေးလို့မဖြစ်လို့ပါ..အရှင့်ရဲ့အမှာစကားက
ဒီကျောက်မျက်ရှင်တခြမ်းရှိမှ..ကျန်တဲ့လက်နက်တစ်ဝက်ကို အသက်သွင်းနိုင်မှာ။''

''ဘယ်လို...လက်နက်ဟုတ်လား။''

''ဟုတ်..ဟုတ်ပါတယ်။''

စုန်အာချစ်တဲ့အိမ်ရှေ့စံကျောက်ဟွား(Completed) (bl)Where stories live. Discover now