(35)လောကထဲထွက်ပေါ်ရန်အချိန်

202 18 0
                                    

ကောင်းကင်ဧကရာဇ်..ထန်ရှောင်တစ်ယောက်
သူ့အချစ်တော်ထားရာနန်းတောင်ကို ပျာပျာသလဲနဲ့ ဝင်လာချိန်မှာတော့၊ ပုလဲရှင်က
ရှိမနေခဲ့။

''တောက်..ငါအတန်တန်ပြောနေ တားနေတဲ့ကြား မင်းမို့လို့ လုပ်ရက်တယ်။''

သူ့အခန်းထဲမှာ အလုံပိတ်ထားတာတောင်
ဘယ်လိုထွက်ပြေးသွားပါလိမ့်။

ပုလဲရှင်ကတော့..စုန်အာတို့ဆီမရောက်သေး။ သူမှမသိတာ မှော်မြို့တော်အကြောင်း ပြီးတော့ သူပုန်းနေမှရတော့မယ် သူ့ကိုဧကန်ရှာမှာက ဧကရာဇ်ပဲ။

နတ်ပြည်မီးလောင်တဲ့အကြောင်းအရင်းကို သူသေချာမသိသေး။'ဘယ်သူက
ဒီလောက်ထိဒေါသထွက်လွန်းလို့ မီးလောင်တိုက်သွင်းပြစ်ရတာ။'

'အဲ့ဒါတွေအသာထား..ဒါကသူ့ပြသနာနဲ့သူမို့ ငါနဲ့မှမဆိုင်တာ။'

မက်မွန်တောကို ဖြတ်လို့အပြီးမှာ တောင်ပိုင်းနယ်ကိုသူရောက်လာခဲ့တယ်။

ပူပြင်းလှတဲ့ တောင်ပိုင်းနယ်မှာ သူရှေ့ဆက်ဖို့က အားမွေးရပေမယ်။

သွေး..သူသွေးသောက်ရမှဖြစ်မယ်..ခုချိန် ဗိုက်ကဆာလှပြီ။

ပုလဲရှင်... သူဘာလုပ်ရမှန်းမသိဖြစ်နေတော့တယ်။
ရင်ထဲမှာလည်း ပူလောင်နေပြီး သူဝမ်းနည်းနေတယ်။ မဟုတ်သေးဘူး
ငိုမိသွားပြီ...အဲ့မျက်ရည်တွေ သူတခါမှ ဒီလိုမငိုမိ။

ရွှမ်းလုတောင် အခြေအနေကတော့ ငြိမ်သက်သွားလေပြီ။စုန်အာရဲ့ဒေါသကြောင့် တောင်ကြီးသည်လည်းပြိုပြတ်သွားကာ ၊ တိတ်ဆိတ်ခြောက်ကပ်နေတော့သည်။

စုန်အာကြောင့် ရေပြင် ၊ဝေဟင် ၊ လူ့ပြည်နဲ့မိစ္ဆာနယ်ပယ်တစ်ခွင်ပါမကျန်
ပျက်စီးဆုံးရှုံးမှုတွေ ဂယက်ထသွားခဲ့တယ်။

ဒေါသကြီးလှတဲ့ မိစ္ဆာဘုရင်လေး စုန်အာဟာ ခုချိန်မှာတော့ စိတ်ထိခိုက်နေ​ေလရဲ့။

ငယ်စဥ်ကတည်းက မိခင်နဲ့ ခွဲခွာခဲ့ရတဲ့သူ့အဖို့ ခုချိန်မှာ သေကွဲကွဲရတဲ့အတွက် အဖိုးဖြစ်သူကို ကမ္ဘာမကြေနိုင်တော့ဘူးထင်ပါရဲ့။

မိမိငယ်စဥ်တည်းက ဖခင်ကသေပွဲဝင်ရသလို မိစ္ဆာမျိုးနွယ်တွေကိုလည်း ဖိနှိပ်ထားတဲ့ မင်ထျန်ယွီကို သူလက်စားချေနိုင်ရန်အတွက် သူဆိုးသွမ်းရတော့မယ်။

စုန်အာချစ်တဲ့အိမ်ရှေ့စံကျောက်ဟွား(Completed) (bl)Donde viven las historias. Descúbrelo ahora