(37)လုပ်ကြံခံရချိန်

189 16 0
                                    

သားရဲတောင်ရဲ့မြေနေရာဟာဆိုရင်ဖြင့် ရွှတ်မြေတွေနဲ့ပြည့်ကာ တောင်ကချေားနေသည်။

ကျောက်တောင်ကျောက်ဆောင်တွေရှိပေလို့ အပေါ်ကိုတက်ရောက်ဖို့ရာ အဆင်ပြေရုံလေးသာရှိသည်။

''ထျန်းမန်း.. ရှင်အရင်ဆုံးအပေါ်ကိုတက်လို့ဖြစ်တယ်မဟုတ်လား။''

''ကျွန်မတောင်အောက်ကစောင့်​ေနပေးမယ်။''

''ကောင်းပြီလေ ငါတောင်ပေါ်ကိုအရင်တက်မယ်။''

''ရှင်က ဘယ်လိုတက်မှာလဲ ဒီလောက်ချေားနေတာကို။''

''ကြည့်လိုက်လေ..လော့မန်ရှီ..''

ထျန်းမန်းက သူ့ခါးမှာချိတ်ထားတဲ့ အိတ်လေးထဲကနေ အစေ့များထဲမှ သစ်စေ့တစ်စေ့ကိုယူလိုက်ပြီး မန်းလိုက်ကာ မြေပေါ်ပစ်ချလိုက်တော့ အပင်တစ်ပင်ထွက်ပေါ်လာခဲ့တယ်။

အဲ့ဒီအပင်လေးက ထျန်းမန်း ကိုယ်ကိုရစ်ဖွဲ့လိုက်ပြီး တောင်ပေါ်ကို ဆွဲတင်ပေးလိုက်တော့ ထျန်းမန်း တောင်ပေါ်ကို ခဏချင်းရောက်သွားတော့တယ်။

ဒါကိုကြည့်နေသူကတော့ လော့မန်ရှီ သာဖြစ် သည်။

''ဝါး..မထင်ရဘူးနော် ရှင်က ဒါမျိုးလည်းအသုံးကျတာပဲ။''

တောင်ပေါ်ရောက်သွားတဲ့ ထျန်းမန်း က
စုန်အာပေးလိုက်တဲ့ အမှာပါးစကားကျောက်မျက်ရှင်ကိုထုတ်ကာ လေပေါ်မြှောက်လိုက်ချိန်မှာဖြင့် အကွယ်ကနေသူတို့နှစ်ယောက်ရဲ့အခြေအနေကို စောင့်ကြည့်နေတဲ့ နဂါးကိုးသွယ်တောင်ရဲ့အစောင့်က ပုန်းကွယ်နေရာမှ ထွက်ပေါ်လာလေတော့သည်။

''အရှင်.. ပါးလိုက်တဲ့စကားအတိုင်း အားလုံးအဆင်သင့်ရှိကြောင်း ပြန်ရှောက်တင်ပေးပါ လူကြီးမင်း။''

''ဒါနဲ့ မင်းက ...''

''ကျွန်တော်မျိုးက ​​ရှောင်ကူးပါ
အရှင့်ရဲ့ မျိုးနွယ်တွေကို စောင့်ရှောက်ရတဲ့
အစောင့်ပါ။''

''ကောင်းပြီ..ကျောက်မျက်ရှင်ကို မင်းလက်ထဲအပ်ခဲ့ပြီနော်..သေချာထိန်းသိမ်းတော့။''

''အမိန့်အတိုင်းပါ..လူကြီးမင်း။''

မှော်မြို့တော်မှာတော့ ယွဲ့ကို အသက်ဆက်နိုင်ရန် စုန်အာ သူ့ကိုယ်တွင်းမှ စွမ်းအင်တချို့ ကူးပြောင်းပေးနေရသည်။

စုန်အာချစ်တဲ့အိမ်ရှေ့စံကျောက်ဟွား(Completed) (bl)Where stories live. Discover now