Extra 🌿

862 30 2
                                    

ဘုံသုံးခုလုံး ပြန်လည်ငြိမ်သက်သွားတဲ့အချိန်...
တိုက်ပွဲကြီးကြောင့် ပျက်စီးထိခိုက်သည်များကို အန်းဖန်ရှူနဲ့ ထျန်းမန်းတို့က ပြန်လည်ပြုပြင်ပေးခဲ့ကြတယ်။

အတိတ်နတ်ဆိုး လော့မန်ရှီကတော့ သူ့ရဲ့စွမ်းအင်တွေကိုအသုံးချပြီး လူသားတွေရဲ့မှတ်ဉာဏ်တွေကို ဖျက်စီးပေးခဲ့ရှာတယ်။
ဘုံသုံးခုရဲ့ ကြောက်မက်စရာ မြင်ကွင်းများနဲ့မှတ်ဉာဏ်များကို သူမကဖျက်စီးပေးခဲ့တယ်။

ဒါကြောင့် လူသားအားလုံးကို အိမ်မက်မက်စေပြီး အတိတ်ဆိုးတွေကိုမေ့ဖျောက်ခိုင်းခဲ့တယ်။
အချိန်စက်ဝန်းတွေ ရပ်တန့်ထားတဲ့ မိုးနတ်မင်းကြောင့်ပဲ ထန်ရှောင်လည်း သူ့ရဲ့အစွမ်းနဲ့ အချိန်ယန္တယားကိုပြန်လည်ဖွင့်ပေးခဲ့ရရှာတယ်။

ကောင်းကင်မြို့တော်မှာ ချစ်ရတဲ့သူနဲ့ပဲ
အတူတူနေထိုင်သွားတဲ့ထန်ရှောင်..ကောင်းကင်ဧကရာဇ်ဟာ နတ်မိစ္ဆာ တွေနဲ့ပြေလည်အောင် ပြန်လည်နေထိုင်ခဲ့တယ်။

ယွဲ့သည်လည်းပဲ မကောင်းတဲ့အတတ်ပညာတွေကိုစွန့်လွှတ်ကာ ဝူတောင်စွယ်မှ နတ်မိစ္ဆာငယ်များကိုခေါ်ဆောင်ကာ မှော်မြို့တော်ထဲမှာပဲနေထိုင်သွားခဲ့တယ်။
လူ့ပြည်ကို အကြောင်းကိစ္စမှအပမသွားရဟူ၍ အမိန့်ထုတ်ပြန်ကာ.. မှော်မြို့တော်ထဲမှာသာ ဇာတ်မြှုပ်နေထိုင်ခဲ့ကြပြန်တယ်။

အန်းဖန်ရှူကတော့ လူ့ပြည်မှာသာ မင်းကျင့်ဝတ်နဲ့အညီမင်းလုပ်ပြီး ကြင်ယာတော်ရှာဖွေခဲ့တယ်။နောက် သားသမီးရမှ
သားဖြစ်သူကို အရိုက်အရာဆက်ခံစေပြီး
သူကိုယ်တိုင် တောနက်ထဲကရေကန်ကြီးမှာ တိတ်တဆိတ်နေထိုင်ခဲ့တယ်။သူနဲ့အတူရှောင်နှစ်ဖော်ပါ လာရောက်နေထိုင်ခဲ့​ကြတယ်။

ရက်လနှစ်တွေပြောင်းလဲသွားတဲ့ကာလတွေမှာ လူသားများဟာ ဇယာအတိုင်း
အို, နာ, သေ ,လာကြတယ်။
သူတို့လို နတ်မိစ္ဆာတွေကတော့ အသက်ရှင်ကျန်နေ​ကြဆဲ...

နောက်ဆုံး လူပြည်ဆီ ဝင်စားကြတဲ့ စုန်အာနဲ့ကျောက်ဟွားရဲ့သတင်းကို ရပြီး သူတို့တွေ စောင့်ကြည့်ခဲ့ကြတယ်။

ကျောက်ဟွားကတော့ ချူအာ အမည်နဲ့
ပေလင်ပြည်ရဲ့အိမ်ရှေ့စံဖြစ်နေပေမဲ့..

🎉 Kamu telah selesai membaca စုန်အာချစ်တဲ့အိမ်ရှေ့စံကျောက်ဟွား(Completed) (bl) 🎉
စုန်အာချစ်တဲ့အိမ်ရှေ့စံကျောက်ဟွား(Completed) (bl)Tempat cerita menjadi hidup. Temukan sekarang