💚 7 💚

5.8K 423 63
                                    

[Unicode] 💙💙💙

ဒုန်း ... ခွမ်း ...

မနက်ခင်းနေရောင်ခြည်သဲ့သဲ့လေးနဲ့ အနည်းငယ်အေးစိမ့်နေတဲ့အခန်း‌လေးကြောင့် အိပ်ကောင်းကောင်းနဲ့အိပ်နေတာ အိမ်အောက်ကပန်းကန်တွေကျကွဲသံကြားမှ အလန့်တကြားနဲ့နိုးလာရတယ် ဘေးနားကိုကြည့်လိုက်တော့ ပူပူနွေးနွေးလင်တော်ထားရတဲ့ လင်တော်မောင်ကမရှိတော့  အိမ်အောက်ကိုအမြန်ပြေးဆင်းကာကြည့်လိုက်မိတော့ မီးဖိုချောင်ထဲမှာငုတ်တုတ်လေးထိုင်ကာငိုနေတဲ့ ယုန်ပေါက် ဘေးနားမှာလဲပန်းကန်ကွဲစတွေပြန့်ကျဲနေတာပဲ စိတ်ပူကာအမြန်ပင်သူ့အနားသွားလိုက်တော့မော့ကြည့်လာတဲ့ ကလေး

Jk:ဦး .. ဟင့်

Th: Jungkook ဘာလို့ငိုနေတာလဲ?

Jk:ဟိုလေ .. ဟင့် .. ကျတော်ကတစ်ရေးနိုးရင်ဗိုက်စာတတ်တဲ့အကျင့်ရှိတယ် .. အဲ့ဒါစားစရာလေးများရှိမလားလို့အောက်ဆင်းလာတာ .. ဟင့် .. ဒါမယ့်ဘာမှမရှိလို့ကြက်ဥလေးကြော်စားမလို့ .. အဟင့် .. အဲ့ဒါပန်းကန်တွေကွဲကုန်တာ

Th:ဒါဆိုပန်းကန်တွေကသူ့အလိုလိုကွဲကုန်တာပေါ့ ... ဟုတ်လား

Jk:မဟုတ်ပါဘူးဦးရဲ့ .. ကျတော့်လက်နဲ့တိုက်မိသွားလို့ပါ

အစကတော့နဲနဲဒေါသထွက်မိပေမယ့် မေးတာမှန်သမျှ အကုန်အမှန်တိုင်းပြောပြသွားတဲ့ကောင်လေးကြောင့် အလိုလိုပြုံးမိရက်သား

Th:ကဲထားပါ ... ဘယ်နားထိမိသွားသေးလဲ?

ဦးကကျတော့်ကိုဆူမယ်ထင်ထားတာ အခုတော့ 'ဘယ်နားထိမိသွားသေးလဲ' တဲ့အခုလိုမျိုးစိတ်ပူပေးတော့လည်းပျော်မိသလိုပဲ

Jk:လက်ထိသွားတယ်

ပြောလို့လက်ကိုဆွဲကြည့်လိုက်တော့မှ ဟုတ်တာပဲ သွေးတွေထွက်နေတာ ခုနတုန်းကပျော်နေတာကနေ အခုတော့ဒေါသပြန်ထွက်ရပါတယ်

Th:ဘာလို့ဂရုမစိုက်ရတာလဲ! ဟမ်!

*အခုကသူ့ကိုဆူနေတာလား? ခုနကကြတော့စိတ်ပူသလိုလိုနဲ့ အမျိုးမျိုးပဲအဖိုးကြီး .. ဟွန့်*

Jk:ပန်းကန်ကွဲစတွေကိုကောက်လိုက်လို့ပါဦးရဲ့

*ဒီကလေး ကိုယ့်ကိုယ်ကိုဂရုမစိုက်တာပဲ ကျစ် အခုလည်းပန်းကန်ကွဲစတွေကိုကောက်လိုက်လို့တဲ့ ... ထိခိုက်မယ်ဆိုတာမသိဘူးလား*

 The Winner Is Love (승자는 사랑이다) ✔️ [Completed] ✔️Where stories live. Discover now