💙 9 💙

5.2K 393 37
                                    

[Unicode] 💙💙💙

ဟိုကလေးစုတ်ကိုကစားကွင်းပို့‌ေပးမယ်ပြောထားတာ အခုတော့တစ်ကယ်လိုက်ပို့ပေးနေရပြီ။ မပို့ပေးလို့လဲမဖြစ်ပြန် ကိုယ်ပြောထားတဲ့စကားကိုတည်ရမည်လေ မနေ့ကစိတ်‌ထဲရှိရာပြောချလိုက်တာ အခုတော့ကုမ္ပဏီမသွားရပဲနဲ့သူ့ကိုကစားကွင်းလိုက်ပို့ပေးရတယ်။ ဟိုရောက်တော့လည်းတစ်ခုပြီးတစ်ခုဆော့နေတာ ကိုယ့်မှာသူ့အနောက်ကလိုက်ရတာအမော ကလေးထိန်းကြီးကြလို့။ အခုလည်းနေ့လည်ရောက်လို့အစားကိုမနဲစားခိုင်းရတယ်။

Th: Jungkook ပြီးလို့ရှိရင်ထပ်ဆော့ဦးမှာလား

Jk:အင်းပေါ့

အစားစားပြီးပါးလုတ်ပလောင်းလေးနဲ့ပြောနေတာလေးကချစ်စဖွယ်အတိ။

Th:အင်းအင်းအဲ့ဒါဆိုလည်းဗိုက်ပြည့်အောင်စား .. ဆော့မှာဆိုတော့ဗိုက်ပြန်ချောင်သွားမှာ

Jk:Nae ...

Th:ဟာကွာစားနေတာလေးက ကလေး‌ေလးကြလို့ကြည့်ဦးပေကုန်ပြီ

ပြောကာဘေးကတစ်ရှူးယူပြီးသူ့ပါးစပ်ကိုလာသုတ်ပေးတာကြောင့် ရင်ထဲအမည်မသိတဲ့ခံစားချက်တစ်ခုကအလိုလိုဖြစ်ပေါ်လာရော

*ဘာလို့ရင်ကအရမ်းခုန်နေရတာလဲ...ဒါ J-Hope ပြောတဲ့ရင်ခုန်တာမျိုးလား*

အရှေ့မှာကြောင်ပြီးသူ့ကိုငေးကြည့်နေတဲ့ကောင်လေးကို

Th:ဟေ့ .. ဘာကြည့်နေတာလဲစားလေ

Jk:အာ .. Nae

သူတို့လည်းစားစရာရှိတာတွေစားနေတုန်း

Girl 1:ဟဲ့ .. ဟိုအဆင်လေးတွေကိုကြည့်ပါဦးချောလိုက်တာ

ဘေးကပ်လျက်ဝိုင်းကနေကောင်မလေးတွေပြောနေတဲ့အသံ

Girl 2:ငါကတော့အရှေ့ကတည်တည်ငြိမ်ငြိမ်နဲ့အဆင်လေးပဲကြိုက်တယ်ချောလိုက်တာဆိုတာ

Girl 1:ဟဲ့ကောင်မအဲ့ဒါငါအရင်တွေ့တာပါနော်

Girl 2:နင်အရင်တွေ့လည်းဘာဖြစ်လဲ .. ဟိုယုန်လေးကိုကြိုက်လိုက်ပေါ့နှစ်ယောက်ရှိတာကို

Girl 1:မကြိုက်ပါဘူးတို့ကကျားလေးပဲကြိုက်တာ

Girl 2:ဟဲ့ကောင်မလာမလုနဲ့နော်

 The Winner Is Love (승자는 사랑이다) ✔️ [Completed] ✔️Where stories live. Discover now