💛 12 💛

5.2K 357 53
                                    

[Unicode] 💙💙💙

ဟိုကလေးနဲ့သူနဲ့စကားမပြောတာတစ်ပတ်လောက်ရှိပြီ။ ပေါက်စဘက်ကလည်းစကားစမပြောသလို သူ့ဘက်ကလည်းစကားမပြောဖြစ်။ သူနဲ့ကိုယ်နဲ့ကြားအေးစက်နေတော့လည်းမနေတတ်ဘူး။ ကိုယ့်ဘက်ကစကားစပြောဖို့ကြိုးစားပေမယ့် ဟိုပေါက်စကရှောင်‌သွားချည်းပဲ။ ညခင်းကြအလုပ်တွေကိုအပြီးလက်စသတ်ပြီးမှပြန်လာတာဆိုတော့ နောက်ကျတယ် အဲ့အချိန်ကြ ဒင်းလေးကအိပ်နေပြီ။ စောတဲ့အချိန်ကြတော့လည်းဧည့်ခန်းမှာထိုင်ပြီးဂိမ်းဆော့နေရင်းက အပေါ်တတ်သွားတာ ထမင်းကြတော့လည်းအရင်ဦးအောင်စားထားတယ်။ ညခင်းအိပ်တော့လည်းအလည်မှာဖက်လုံးကြီးနဲ့ အရင်တုန်းကလို 'ဦးပုတ်သိပ်ပေးပါလား' ဆိုတဲ့စကားတောင်မစ သူမပြောတော့ကိုယ်လည်းမပြောဖြစ်တာ ဘာလိုလိုနဲ့တစ်ပတ်ကျော်သွားပြီ။ ဒီနေ့တော့အလုပ်မသွားရလို့အားနေတာကြောင့် ပေါက်စကိုရအောင်ချော့ရမယ်ဆိုပြီးတွေးထားတယ်။ အခုလိုပေါက်စလေးကစကားမပြောတော့လည်း ဟောဒီက Taehyung ကြီးကမနေတတ်ဘူးလေ

Th:ယုန်ပေါက် ဒီမှာမင်းကြိုက်တဲ့ဂိမ်းအစီစဉ်လာနေတယ်

မနက်ထဲကအိမ်ပေါ်မှာပဲနေနေတဲ့ကောင်လေးက သူအောက်မှာရှိနေလို့ ဆင်းမလာတာဆိုတာ သိပါတယ်။ ဒါမယ့်ရအောင်ခေါ်ရမယ်လေ။ သူနဲ့ကြမှအရင်ကတည်တည်ငြိမ်ငြိမ် မာနကြီးတတ်တဲ့ သူဉေး Kim Taehyung ဆိုတဲ့ဂုဏ်ပုပ်တောင်ပျောက်တော့မလိုလို

Jk:မကြည့်ချင်ဘူး

ဘာတဲ့အရင်ကဆိုရင် ဒီအစီစဉ်လာရင် ကိုယ်တောင်ကြည့်လက်စကားကို ပြောင်းပေးရတာ အခုတော့မကြည့်ချင်ဘူးဆိုပဲ။

Th:မကြည့်ဘူးဆိုလဲအောက်ဆင်းလာခဲ့ကွာ အပေါ်မှာပဲနေမနေနဲ့

Jk:မဆင်းချင်ဘူး ကုတင်နဲ့ဖင်နဲ့ကပ်နေတယ်

ဒီပေါက်စက အနုနည်းနဲ့မရတော့ အကြမ်းနည်းသုံးမှရမယ်ထင်တယ်။ အတွေးနဲ့ထပ်တူ မျက်နှာမှာလည်းအပြုံးတစ်ပွင့်ပန်ဆင်လို့ အိမ်ပေါ်ထပ်ကို ခြေလှမ်းကျဲကျဲတွေနဲ့တက်သွားလိုက်တယ်။ ‌အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ ကုတင်ပေါ်မှာထိုင်ပြီး ဂိမ်းဆော့နေလေရဲ့။ သူ့ဘေးနားသွားကာ ရုပ်တည်ကြီးနဲ့ပွေ့ချီလိုက်တော့ ခန္ဓာကိုယ်သေးသေးလေးက စွေ့ကနဲ့ပါလာတယ်။

 The Winner Is Love (승자는 사랑이다) ✔️ [Completed] ✔️Where stories live. Discover now