💜 10 💜

5.3K 389 58
                                    

[Unicode] 💙💙💙

အိမ်ရောက်တော့ဟိုအကောင်ပေါက်ကအိပ်လာတာကြောင့် ထိုပေါက်စကိုပွေ့ချီကာအခန်းထဲခေါ်လာရတယ်။ အချိန်ကားညနေပဲရှိသေးတာမို့ရေမိုးချိုးပြီး ဟိုပေါက်စကိုနှိုးဖို့ပြင်တော့လုံးဝမထ လှုပ်တောင်မလှုပ်ဘူး ဒီကောင်လေးညနေခင်းကြီးအိပ်နေတာဖျားတော့မှာပဲ လှုပ်နှိုးအော်နှိုးတော့လည်းမရ ပင်ပန်းလာလို့နေမှာပါဆိုပြီးတွေးကာ အောက်ဆင်းပြီး ညစာအတွက်ချက်ပြုတ်ရန်ပြင်ဆင်လိုက်တယ်။

အားလုံးချက်ပြုတ်ပြီးစီးသွားတဲ့အချိန်မှာတော့ ညရောက်နေပြီဖြစ်တာကြောင့်ယုန်ပေါက်ကိုနှိုးရန်အတွက် ခြေလှမ်းတွေကအခန်းတံခါးရှေ့ရောက်လာတယ်။ တံခါးကိုဖွဖွလေးတွန်းဖွင့်ကာ ဝင်သွားလိုက်တော့ တစ်ခြားဘက်စောင်းအိပ်နေတဲ့ယုန်ပေါက်က စောင်ထဲမှာကွေးလို့။ သူ့ရဲ့အနားကိုခြေလှမ်းခပ်ဖွဖွချကာသွားလိုက်မိတယ်။ အနားရောက်တော့အိပ်နေတာများပါးစပ်လေးကဟစိဟစိနဲ့ ဖြစ်ညစ်ပြစ်ချင်စရာလေး သူလည်းအဲ့စိတ်တွေကိုလှုစ်လှူရှုကာနှိုးဖို့ပြင်လိုက်တယ်။

Th:ဟိတ်..ထတော့ညရောက်နေပြီ

Jk:အင်း...ဟင်း

Th:နိုးရင်လည်းထတော့ညစာစားမယ်

Jk:ဦး..ဟင့်...အီးဟီးးး

Th:ဟာ..ဘာလို့‌ငိုတာလဲ

နိုးပေမယ့်မျက်လုံးမဖွင့်ပဲငိုနေတဲ့ကောင်လေးကြောင့် သူ့မှာကြောင်အအနဲ့

Jk:ဦး..ခေါင်းမူးတယ်...ဟင့်

Th:ဟင်!

ငိုနေတဲ့ကောင်လေးရဲ့နှဖူးပေါ်ကိုလက်တင်ပြီးစမ်းကြည့်တော့ ပူကျစ်တောက်နေတာပဲ ဒီကောင်လေးဖျားနေပြီ။

Th:ကျစ် .. Jungkook ဖျားနေပြီ...ဆေးသောက်ရမယ်

Jk:သောက်ချင်ဘူး..ဟင့်

နှုတ်ခမ်းလေးထော်ပြီး ပြောနေတဲ့ကောင်လေးက ဖျားလို့ပါးလေးတွေပါနီပြီး နှုတ်ခေါင်းလုံးလုံးလေးကပါနီနေတော့တစ်မျိုးချစ်ဖို့ကောင်းနေပြန်တယ်။

Th:မသောက်ချင်လို့မရဘူးလေ..ဆေးမသောက်ရင်ပိုဆိုးသွားလိမ့်မယ်

 The Winner Is Love (승자는 사랑이다) ✔️ [Completed] ✔️Where stories live. Discover now