❣️Four ❣️(unicode )

1.4K 196 25
                                    

မနက်စောစောစီးစီး ကြားလိုက်ရတဲ့သတင်းကြောင့် ပတ်ခ်ဂျီမင်းတို့ နွေခေါင်ခေါင်မှာ မိုးကြိုးပစ်သလို ယောက်ယက်ခက်နေလေရဲ့ ......
အိပ်ချင်နေတာတောင်မှ ချက်ချင်းထပြီး မြန်မြန်ဆန်ဆန်လုပ်ရတော့သည်။ ပါးစပ်မှာလဲ သူ့သူဌေးကို ပွစိပွစိနဲ့

အကြောင်းကား ဒီနေ့ သူလုပ်မယ့် ကုမ္ပဏီရဲ့ သူဌေးက ရုံးမှာ Project သစ် အစည်းအဝေးရှိတယ်ဆိုလို့ မနက် ၇နာရီတောင်မရှိသေးဘူး အိမ်ကိုဖုန်းဆက်ခေါ်လေရဲ့ ....

ဂျီမင်း Appa က လာနှိုးတော့ ကမန်းကတန်းနဲ့ ထရသည်။ အရေးထဲမှာ appa ကလည်း ခနခနလာအော်နေတာနဲ့ ပိုပြီးတော့ လောပြီး ဘာ၀တ်လို့၀တ်ရမှန်းလဲ မသိဖြစ်နေတော့သည်။

ခုလည်း မှန်တင်ခုံရှေ့မှာ မျက်နှာတွေလိမ်းနေရင်း

" wow . perfect ပတ်ခ်ဂျီမင်း မင်းအရမ်းလန်းတယ်ကွာ ဒီတိုင်းသာဆိုရင် ရုံးက မိန်းကလေးတွေပါမက ကောင်လေးတွေပါ ကြွေဆင်းသွားတော့မှာပဲ ဒါနဲ့ နေပါဦး အဲ့သူဌေးဆိုတဲ့လူကဘာလဲ ငါခုမှ အလုပ်စတက်မှာ ငါကဘာသိမှာမို့ လာခိုင်းလဲ မသိပါဘူး တော်တော် ရှုပ်တယ် ဒီလိုသာစောစောထရရင် ပတ်ခ်ဂျီမင်းတို့က အိပ်ရေးပျက်ပြီး ဟော့ဒီက ပါးဖောင်းဖောင်းလေး လျော့သွားတော့မှာပဲ မဖြစ်သေးပါဘူး ညကျရင် milk တွေ၀ယ်ရအောင် shopping လေးဘာလေးထွက်မှပဲ ..."

ထိုသို့ ပတ်ခ်ဂျီမင်း တစ်ယောက် ကို့ကိုကိုအမွန်းတင်နေစဥ်မှာပဲ ...

" ဟဲ့ !! ပတ်ခ်ဂျီမင်း မပြီးသေးဘူးလား နောက်ကျနေပြီနော် ပတ်ခ်ဂျီမင်း ~~"

တံခါးပေါက်၀မှ အ​ဖေ့ရဲ့ အော်သံကြောင့် အတွေးများကတော့ ကြက်ပျောက်ငှက်ပျောက် တက်တက်စင် ပျောက်သွားကာ တွေ့ကရာ အ၀တ်လေးကို ကောက်၀တ်လိုက်ပါသတဲ့ ~~

" ဆင်းလာပြီ Appa ရဲ့ စောင့်နေစောင့်နေလာပြီ "

သူ့သားအော်သံကြားမှ အောက်ကို ဆင်းသွားသော jimin ရဲ့ appa ကတော့ သူ့သား ဘယ်လိုပုံစံနဲ့ ဆင်းလာမလဲဆိုတာကို မသိလေ ......

" အား မေ့လို့မေ့လို့ ငါ့ ချိုချဥ်ပြားလေး ​မေ့ခဲ့ပြီ တက်ယူဦးမှ"

Daddy's Baby Ji Where stories live. Discover now