❣️Eleven❣️

1.7K 149 37
                                    

  Happy 8th anniversary with ARMY ⭐⭐

  နက်ဖန်အတွကိ အားရှိဖို့ 😾💜
.
.
.
.
.
.

ကမ်းခြေမှ မြို့သို့ပြန်ရာလမ်းထက်မှ ကားတစ်စီးလေးဟာ တရွေ့ရွေ့နဲ့ ကားထဲက ကောင်လေးနှစ်ယောက်မှလဲ အတန်ငယ်တိတ်ဆိတ်နေဆဲ .......

အရင်ကဆိုရင် စကားကိုတရက်စက် မနားတမ်းဖောက်သည်ချနေတဲ့ ကောင်လေးက ခုဆို အပြင်ဖက်ကိုငေးကြည့်ရင်း တိတ်ဆိတ်လို့နေလေရဲ့ ...

ကိုယ့်ကိုများ  စိတ်ပျက်သွားတာလား ဒါမှမဟုတ်သူကပဲ straight စစ်စစ်လား ??ဒါပေမဲ့ ကမ်းခြေမှာ ထိုင်နေတုန်းပြောပုံအရတော့ လုံးလုံးလက်မခံတာမဟုတ်ပါဘူး

ဒါဆိုဘာလို့ တိတ်ဆိတ်နေတာလဲ ... မနေတက်ပါ ခါတိုင်းစကားများနေကျကောင်လေးကတိတ်ဆိတ်နေတာ

ကိုယ့်အဖြစ်ကလည်း ရီရပါ့ဗျာ တစ်ပတ်လောက်ပဲတူတူနေရတဲ့ကောင်လေးကို အတော်လေး ဖြစ်နေတာကိုဗျ

ဒါနဲ့မနေနိုင်ပဲ ယွန်းဂီဖက်က စကားစပြောလိုက်သည်။

"အဟင်းးပတ်ခ်ဂျီမင်း "

Boss နဲ့ကမ်းခြေကဖြစ်ပုံလေးများကို ပြန်မြင်ရောင်လာရင်း မနေတက်သလို ငြိမ်နေမိသည်။

Boss ကသူ့ကိုချစ်သည်တဲ့လေ ဒါပေမဲ့ ဘာလို့ boss ချစ်တဲ့သူက သူဖြစ်နေရတာလဲ စဉ်းစားလို့မရ Boss ဘေးမှာ ဝိုင်းဝိုင်းလည်နေတဲ့ ရှယ်ရာရှင် မိန်းကလေးတွေမှ အများကြီး...

မစဉ်းစားတက်တော့ သူကကောဘယ်လိုလဲအမှန်တော့ ‌သူကိုယ်တိုင်လဲ ယောကျာ်းလေးတစ်ယောက်ရဲ့ ရည်းစားစကားပြောခြင်းကို မခံရဖူးတာ မဟုတ် ။
ကျောင်းတုန်းကဆိုလဲ လာလာပြောနေတဲ့သူတွေမှ အများကြီး ဒီတွေကို တစ်ခါမှရင်မခုန်ဖူးဘူး ဘာလို့ခုကျမှ ရင်တွေတုန်နေရတာလဲ ??

Boss ကိုကော သူက ချစ်နေမိလို့လား ?
ဟင်းး ဒါပေမဲ့ ယောကျာ်းလေးတစ်ယောက်နဲ့တစ်ယောက်က မဖြစ်သင့် ~ ဒါပေမဲ့ ဘာဖြစ်လဲ ခုခေတ်က ဒါတွေကို လိုက်ပြောနေတဲ့ခေတ်မဟုတ်တော့ဘူး ပွင့်လင်းမြင်သာတဲ့ ခေတ်ဖြစ်နေပြီလေး ...

ဒါဆို ငါ့အဖြေကလည်း Boss ကိုချစ်နေတာပေါ့ ကျစ် ~မသိတော့ပါဘူး နောင်လာမှ နောင်ကိစ္စရှင်းတော့ မယ် ခုတော့ရင်တုန်လွန်လွန်းလို့ ခေါင်းမူးနေပြီ

Daddy's Baby Ji Where stories live. Discover now