" ပတ်ဂျီမင်း ~~~~ မင်းခုချိန်ထမထသေးဘူးလား "
မနက်ခင်းတိုင်းကတော့ ပတ်ဂျီမင်းတို့အဖို့ သူများတွေအတိုင်းသာယာစွာနဲ့ ထခဲ့ရသည်မဟုတ် ဖခမည်းတော် ရဲ့ တံခါးကိုတဗုံးဗုံးခေါက်သံတို့နဲ့သာ အစပြုခဲ့ရသည်။
" အာ~~ထပြီ ထပြီ appa ရာ "
"မင်း နောက် ၁၀မိနစ်မှ မပြီးရင် ဒီနေ့ မုန့်ဖိုးဖြတ်မယ် "
မုန့်ဖိုးဖြတ်မယ်ဆိုတဲ့ အသံကြောင့် ပတ်ဂျီမင်းတို့ကတော့ ကုတင်ပေါ်ကနေ ကမန်းကတန်းအောက်ဆင်းပြီး အမြန်လုံးနည်းနဲ့ ပုဂံလုံးစီးပြီးသာ ရေချိုးခန်းထဲ၀င်တော့သည်။
အပြင်ကသူ့appa ကတော့ ပြုံးပြုံးကြီးသာ နာရီကို ကြည့်နေတော့သည်။
.
.
.
.
.
.
.
ဂျီမင်းတစ်ယောက် ဖရိုဖရဲနဲ့ လှေကားပေါ်ကနေ အောက်ထပ်ပြေးဆင်းလာတော့ ထမင်းစားစာပွဲ၀ိုင်းမှာ ပြုံးပြုံးလေးကြည့်နေတဲ့ appa ကိုတွေ့တော့ပြန်ပြုံးပြလိုက်ပြီး ထမင်း၀ိုင်းဖက်ကို၀င်လာတော့သည်။သူတို့ကတော့ သူ့omma ဆုံးသွားပြီးကတည်းက အိမ်အကူအဒေါ်ကြီးတစ်ယောက်ခေါ်လိုက်တော့စားရေးသောက်ရေးအိမ်သန့်ရှင်းရေးတွေကအဆင်ပြေတာပေါ့
" ဟီး appa သားနောက်မကျဘူးမလား "
"အင်း ဒီနေ့တော့မကျဘူးနောက်နေ့တွေလည်း ငါဒီလိုပဲမြင်ချင်တယ် "
"ဟုတ် appa ဟီးးး အာ့ဆို မုန့်ဖိုးပေးတော့ "
" ဟွန့် မင်းကတော့ ........."
" ပေးပါနော် Appa ကလည်း "
" အေး မင်းဒီနေ့ ကျောင်းလစ်ရဲလစ်ကြည့် ဟိုကောင် ဂင်ထယ်ယောင်း အဖေနဲ့ငါပေါင်းပြီး မင်းတို့နှစ်ယောက်ကို ငါ ခွဲထားမှာနော် ကြာလား"
"Nae ......"
* အိုး appa ရယ် ဒီနေ့တော့မပြေးဘူးနောက်နေ့ပေါ့ ဒီနေ့တော့ ဟိုကောင်တင်လုံးနဲ့ ကန်တင်းမှာ အချိန်သွားဖြုန်းမယ် ဟီး အကြံပိုင်တဲ့ ပတ်ဂျီမင်းပဲ *
ပြုံးတုံးတုံးနဲ့ ကော်ဖီခွက်ကိုထိုင်ကြည့်နေသော ဂျီမင်းကြောင့် သူ့အဖေက မျက်မှောင်ကြုတ်လျက် .....