❣️Nine ❣️

1.4K 195 20
                                    

ဟယ်လို ဒီတစ်ပိုင်းက ရွှေအရင်ကတည်းကရေးထားတဲ့အပိုင်းဖြစ်တာကြောင့် စောင့်နေတဲ့ ရီဒါလေးတွေအတွက် အပ်ပေးလိုက်ပါပြီရှင့်💜


ဒီနေ့တော့ အလုပ်မသွားခင် ဟိုကောင် ငထယ်နားခနဝင်ဦးမှပါ အဲ့ကောင်နဲ့က အခုအလုပ်နဲ့မလို့ သိပ်မတွေ့ဖြစ်တော့ဘူး
Appa ပြောတာတော့ သူလည်း သူ့အဖေ အသိ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေပြီတဲ့ ကောင်းတာပေါ့ ကျွန်တ်ာတစ်ယောက်တည်း အလုပ်လုပ်နေတာမဟုတ်တော့.......

.
.
.
.
.
" ဟိတ်ကောင် ထယ်ထယ်ရေ "

" ဟော် သားလေး စောစောစီးစီး လာလေး အိမ်ထဲဝင် "

" ဟုတ် ဒါနဲ့ ထယ်ထယ်ကော သားနဲ့သူနဲ့သိပ်မတွေ့ဖြစ်တော့လို့ ရုံးမသွားခင် ခနလာတွေ့တာ "

"အော် ထယ်လေးက အခုအိပ်နေတယ်ထင်တယ်သူလဲမနေ့က သူ့ အလုပ်ကြောင့် ဘူဆန်ကိုသွားတာ ပြန်လာတော့ ဆေးခန်းပြပြန်လာရတယ် နေမကောင်းဖြစ်လို့တဲ့ "

"အယ် ဟုတ်လား ဒါဆို ကျွန်တော်တက်မေးလိုက်ဦးမယ် "

"အင်းအင်းသွား ဒါနဲ့ ဂျီမင်းမနက်စာစားလာပြီးပြီလား "

"ဟုတ် အခုလေးဆင်ပဲ စားခဲ့ပါတယ် "

"ဟုတ်ပြီဟုတ်ပြီ ဒါဆို သွားလိုက်ပါဦး "

"ဟုတ် "

.
.
.
.
"ထယ်ထယ် ဝင်လာမယ်နော် "

အပေါ်ထပ်ကိုတက်သွားပြီ ထယ်ယောင်းအခန်းသို့ ဦိးတည်သွားပြီး အခန်းဝမှာ အသံတော့ပေးလိုက်သည် ။

"ဝင်လာ"

*ဒီကောင်ဘယ်လောက်များဖြစ်နေကြောင်း အသံကိုက ဟိဟိ *

" အာ မထသေးဘူးလား ခုချိန်ထိ မင်းboss တော့ဆူတော့မှာပဲ "

" ဟိတ်ကောင် စကားများဖို့ဆိုရင်တော့ မင်းပြန်လိုက်တော့ စကားမများချင်ဘူး "

"ဟဟ အင်းပါကွာ ငါ့ရဲ့ ထယ်လေးကလဲ စိတ်ကြီးပဲ "

"ဘာလဲကွာ "

" မင်း နေမကောင်းဘူးဆို omma ပြောတာ "

" ဟုတ်တယ်မနေ့က ဟိုယုန်စုတ်ကြောင့်ပေါ့ "

" ဘယ်သူလဲ ယုန်စုတ်ဆိုတာ"

"ငါအလုပ်လုပ်နေတဲ့ သူဌေးပေါ့ "

Daddy's Baby Ji Where stories live. Discover now