❣️Eight ❣️( U+Z)

1.5K 194 25
                                    

ဒီနေ့တနေကုန် ရုံးမှာ အလုပ်တွေရှုပ်နေတာနဲ့ တစ်ချက်မှ မနားဖြစ် ...
အရေးထဲမှာ ဘေးက ပိစိကလည်း ပျင်းတယ်ဆိုပြီး ပူညံပူညံလုပ်နေသေးတယ်

ဟော် .... ခုလည်း ကြည့်ပါဉီး ဘယ်ထွက်သွားလိုက်ပြန်ပြီကြောင်း ...

ဒီကောင်လေးနဲ့ မနိုင်ပါဘူး ကြာရင် ရူးသွားလိုက်မယ် Hoseok ကိုလည်း သူ့နဲ့ခင်တာ နှစ်ရက်လောက်ပဲ ရှိသေးတယ် ငယ်သူငယ်ချင်းတွေကြနေတာပဲ လုပ်နေပုံတွေက hoseok ပါ လိုက်ရူးနေတာ ..........

Hoseok ခနတုန်းက ထွက်သွားလို့တော်သေးတယ် သို့မဟုတ်ရင် သာလိကာ လုပ်လို့ပြီးမှာ မဟုတ်ဘူး အလုပ်အကြောင်းအပြောတာက နဲနဲ သူကျောင်းမှာ ဘယ်လောက်စော်ကြည်တဲ့အကြောင်း ဘဲကြည်တဲ့အကြောင်းလာပြောနေသေးတယ်

ဘယ်နှယ့် စော်ကြည်ရင် ရပြီပေါ့ ဘာတုန်း ဘဲပါကြည်တာ ...

ကိုယ့်ကိုတောင် သူဌေးဖြစ်နေလို့ သူပေါတိုင်းလိုက်မပေါခိုင်းတာ .....

ပြောလို့မပြီးသေး တုတ်တုတ်တုတ်တုတ်နဲ့ ၀င်လာပါပြီ ....

အလုပ်ချိန်ဘယ်သွားနေတာတုန်းလို့ ဆဲမယ်ပဲရှိသေးတယ် ...

အံမယ် အလိုက်သိ ကော်ဖီခွက်လေးကို အရှေ့မှာ လာချပေးတယ်ပေါ့ ......

ကော်ဖီခွက်ကြောင့်မဆူတော့ပါဘူး

" ဒါက Boss တွက် ကျွန်တော်ဗိုက်ဆာလို့ မုန့်သွားစားရင် boss ကြိုက်တဲ့ black coffee ဖျော်လာပေးတာ "

"အဟမ်း ငါ black coffee ကြိုက်တာ ဘယ်လိုသိတာလဲ "

"ဟမ် boss ပဲ ၀န်ထမ်းတွေကို black coffee ဖျော်ခိုင်းနေတာလေး "

* အော် မေ့လို့ ဟုတ်ပါ့ black coffee လာလာပို့ပေးနေလို့ တွေ့တာကို ငါကလဲ အတွေးတွေ လွန်နေပြန်ပါပြီ သူလေး ငါ့အကြောင်းတွေများ စုံစမ်းထားတာလားလို့ *

" အော် အင်း အလုပ်ပြန်လုပ်တော့ "

" ဟီး ခနနေပါဉီး boss ကလည်း သောက်ကြည့်ပါဉီး ကျွန်တော့်လက်ရာလေးကောင်းလားလို့ "

ဘားမှမပြောပဲသာ သောက်ကြည့်လိုက်သည်။ နို့မို့ဆို ဒီကောင်လေး သွားသေးမှာမဟူတ်ဘူး

Daddy's Baby Ji Where stories live. Discover now