^1^

1.4K 93 20
                                    

သူလာမယ့် လမ်းလေးကိုမျှော်နေရင်း ရင်တွေခုန်နေခဲ့သည်။ ချစ်ရသူသာ ရောက်လာခဲ့လျှင် မတွေ့ရတဲ့ ၆ရက်တာအတွင်း လွမ့းခဲ့ရသမျှကိုအတိုးချပြီး ဖက်နမ်းမိမှာသေချာလေသည်။ လက်ထဲကနာရီကိုကြည့်လိုက်တော့ ၉နာရီထိုးခါနီးလေပြီ။

တနင်္ဂနွေနေ့တိုင်း မနက်၉နာရီတိတိမှာ သူတို့နှစ်ယောက် ဒီနေရာလေးမှာ တွေ့ကြမယ်လို့ကတိပေးခဲ့ကြသည်။ ချစ်ရသူက တစ်ခါမှ ချိန်းထားတဲ့အချိန်ကို ပျက်ကွက်ခဲ့ခြင်းမရှိ။ အချိန်တိကျစွာ ရောက်လာစမြဲပေ။

တစ်ပတ်မှာ တစ်ရက်ပဲတွေ့ခွင့်ရတဲ့နေ့လေးကို သူတို့နှစ်ယောက် တန်ဖိုးထားလေသည်။ ကျန်ခဲ့တဲ့ ၆ရက်တွေအတွင်း သူတို့နှစ်ယောက် ဖုန်းတောင်မဆက်ခဲ့ကြပေ။

ဒါတွေအားလုံးကလည်း ချစ်ရသူရဲ့ ဆန္ဒသာဖြစ်လေသည်။ ၆ရက်လုံး အဆက်အသွယ်ဖြတ်ပြီး ဒီနေ့တစ်နေ့ကို ရင်တွေခုန်စွာဖြင့်ဖြတ်သန်းချင်တယ်လို့ ဆိုခဲ့လေသည်။ဒါကြောင့်လည်း သူတို့နှစ်ယောက် ဒီနေ့တစ်နေ့သာဆုံတွေ့ဖြစ်ကြခြင်းဖြစ်လေသည်။

"ရောက်တာကြာပြီလား ကိုကို...."

ရောက်လာပါပြီ ကျွန်တော့ရဲ့အချစ်ရဆုံး ချစ်သူလေး အဝါရောင် hoodie လေးဝတ်ထားတာကြောင့် ကြက်ပေါက်လေး တစ်ကောင်လိုချစ်ဖို့ကောင်းနေတဲ့ ချစ်သဲလေးရဲ့ မျက်နှာနုနုလေးကို အနမ်းတွေဖြန့်ကျဲလိုက်သည်။

"ကိုကိုကလည်းကွာ.... အရမ်းဆိုးတာပဲ မင့်ကိုခနလေးထိုင်ခွင့်ပေးပါဦးလို့... "

" ကိုကိုက ၆ရက်လုံးလွမ်းနေရတာလေကွာ... ဘာလဲ မင်ကငြိုငြင်တာလား...."

" မငြိုငြင်ရက်ပါဘူး ကိုကိုရာ.... မင်က ကားဂိတ်ကနေ ဒီအထိလမ်းလျှောက်လာရတာ မောလွန်းလို့ ပြောမိတာပါ...."

"ဟုတ်တာပေါ့ ကိုကို့ရဲ့မင်လေး ပင်ပန်းလာမှာပေါ့.... လာ ကိုကိုက အမောပြေအောင်လုပ်ပေးမယ် ကိုကို့ပေါင်ပေါ်မှာလာထိုင်...."

သူ့စကားဆုံးတာနဲ့ မင်လေးက ပေါင်ပေါ်လာထိုင်လေသည်။ မင်လေး ပေါင်ပေါ်ရောက်တာနဲ့ ကိုယ်လုံးသေးလေးကို ပွေ့ဖက်လိုက်ပြီး သူ့ရဲ့ပုခုံးပေါ်မှာ ခေါင်းမှီထားခိုင်းလိုက်သည်။

Sunday Lover [Completed]Where stories live. Discover now