^2^

478 72 11
                                    

Zawgyi

တစ်နေ့လုံး ဟိုဟိုဒီဒီပြေးလွှားနေရတာကြောင့် လူကခြေကုန်လက်ပန်းကျချင်နေမိပြီ။ ဒီလိုလကုန်ရက်ရောက်တိုင်း သူတို့စာရင်းစစ်ဌာနကအလုပ်များရလေသည်။ သူတို့ကုမ္ပဏီက လူသုံးကုန်ပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီဖြစ်တာကြောင့် လကုန်ရက်ရောက်တိုင်း ဆိုင်ခွဲတွေဆီမှာလိုက်ပြီး လချုပ်စာရင်းယူရလေသည်။

တစ်နေကုန်တစ်ဆိုင်ပြီးတစ်ဆိုင်သွားနေရတာကြောင့် လူလည်းအတော်ပင်ပန်းနေပြီဖြစ်သည်။ ဒါကြောင့် အအေးဆိုင်တစ်ဆိုင်ထဲဝင်ပြီး ခနအမောဖြေဖို့စိတ်ကူးလိုက်သည်။ သံပုရာရည်အေးအေးလေးတစ်ခွက်မှာပြီး ဆိုင်ရဲ့ထောင့်ကျကျနေရာမှာထိုင်လိုက်သည်။

ပြီးတော့ ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်လိုက်ပြီး gallery ထဲမှာနေရာအပြည့်ယူထားတဲ့ အချစ်ဆုံးလေးရဲ့ပုံတွေကို တစ်ပုံချင်းသေချာကြည့်လိုက်မိသည်။ မျက်ဝန်းလေးတွေပိတ်သည်အထိ ပြုံးနေတဲ့ ချစ်ရတဲ့ မင်လေးရဲ့ပုံတွေကြောင့် အမောပြေသွားခဲ့ရသည်။

မင့်ရဲ့မျက်နှာလေးကို အသာအယာထိတွေ့ကြည့်တော့ အရင်ကထိတွေ့ခဲ့ဖူးတဲ့ မင့်မျက်နှာလေးကို ထိတွေ့နေရသလိုခံစားရလေသည်။ ဒီနေ့သောကြာနေ့ဖြစ်တာကြောင့် မင်နဲ့တွေ့ရဖို့ တစ်ရက်သာလိုတော့လေသည်။

မင်နဲ့တွေ့ရဖို့ကို တွေးကြည့်ရုံနဲ့တင် ရင်ခုန်စိတ်လှုပ်ရှားရလေသည်။ ဒီတစ်ခါတွေ့ရင်ရော ဘယ်တွေသွားကြရင်ကောင်းမလဲ။ ဘယ်ဆိုင်မှာစားရင်ကောင်းမလဲ ကြိုပြီး ခေါင်းထဲမှာအစီအစဉ်ဆွဲနေမိသည်။

သူ့ဘဝကမပြီးပြည့်စုံပေမယ့်လည်း မင်လေးကိုတော့ ပြည့်ပြည့်စုံစုံနှင့် စိတ်ချမ်းသာအောင် ထားချင်မိသည်။ မင်လိုအပ်နေတာ မိသားစုချစ်ခြင်းနဲ့မေတ္တာတွေဖြစ်ကြောင်း သူသိသည်။ အရာရာပြည့်စုံတဲ့မင်လေးမှာ မိဘတွေမရှိတော့သလို မွေးချင်းမောင်နှမလည်းမရှိပေ။ မင်ကိုစောင့်ရှောက်ပေးတဲ့ အိမ်တော်ထိန်းတစ်ယောက်သာရှိသည်ဟု မင်ပြောခဲ့ဖူးလေသည်။

သူနဲ့အပြင်မှာတွေ့တိုင်း မင်ကပိုက်ဆံထုတ်တတ်တာကြောင့် သူအမြဲလို အားနာမိရသည်။ သူကအားနာကြောင်းနဲ့ နောက်တစ်ခါ သူပဲရှင်းမယ်ပြောတိုင်း မင်တို့အနာဂတ်အတွက် ကိုကိုကပိုက်ဆံစုထားလို့ပြောတတ်လေသည်။

Sunday Lover [Completed]Où les histoires vivent. Découvrez maintenant