^ 4 ^

452 65 24
                                    

Zawgyi

^^ကုတင်ထက်မှာလဲလျောင်းနေတဲ့ ဖြူဖျော့ဖျော့ ကိုယ်ငယ်လေး နှာခေါင်းမှာအောက်စီဂျင်ပိုက်တန်းလန်းနဲ့ မြင်ရတာရင်ထဲမချိလိုက်တာ ငယ်လေးရယ်။ ငယ်လေးလို ဖြူစင်တဲ့ကလေးလေးဆီမှာမှ ဒီလိုအဖြစ်ဆိုးကြီးကလာဖြစ်ရသလား။

ငယ်နဲ့ကိုကိုလူစားလဲလို့ရရင် လဲလိုက်ချင်တယ်။ ငယ့်ကို ဒီလိုဝေဒနာခံစားပြီး လဲလျောင်းနေရတာမျိုး ကိုကို မမြင်ချင်ခဲ့ဘူး။ ငယ့်ကို အထိအခိုက်မခံပဲ ပိုးမွေးသလိုမွေးခဲ့ရတာ အခုတော့ ငယ် အရမ်းချစ်ရတဲ့ ငယ့်ချစ်သူကြောင့် ဘယ်လောက်တောင် ခံစားနေရှာမလဲ။

ဘာအကြောင်းအရင်းမှမသိပဲ ငယ့်ကိုအပြစ်တင်တဲ့ အဲ့ကောင်လေးကို ကိုကို နေရာမှာတင်ဆွဲထိုးလိုက်ချင်ပေမယ့် ငယ်မုန်းသွားမှာစိုးလို့ ကိုကို စိတ်ကိုထိန်းခဲ့ရတယ်။ ငယ် သူ့ကိုသိပ်ချစ်တာပဲလား။ ငယ့်အနားမှာ နှစ် ၂၀လောက်အတူရှိလာတဲ့ ကိုကို့ရဲ့အချစ်တွေကိုရော ငယ်မမြင်ခဲ့ဘူးလား။ ဒါမှမဟုတ် မြင်ရဲ့သားနဲ့ မသိချင်ယောင်ဆောင်ခဲ့တာလား။

ကိုကို့မျက်လုံးထဲမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စတွေ့ခဲ့ကတဲ့ ငယ့်ပုံလေးကို မြင်ယောင်နေတုန်းပဲ။ အဲ့ဒီတုန်းက ငယ်က ပါးဖောင်းဖောင်းလေးနဲ့ဝတုတ်ကလေး ကိုကို့ကိုလည်းတွေ့ရော ဒါသားရဲ့ကိုကိုလားလို့မေးပြီး ပြေးဖက်ခဲ့တာလေ။

ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့် ကြည့်ခဲ့ရတဲ့ ငယ့်ကို ကိုကိုချစ်ခဲ့မိတယ်။ တခါတလေမှာ ငယ့်ကို ဘယ်လောက်ချစ်ကြောင်း ဖွင့်ပြောပြလိုက်ချင်ပေမယ့် အခွင့်အရေးသမားလို့ ငယ် စွပ်စွဲပြီးမုန်းသွားမှာကို ကိုကိုသိပ်ကြောက်ခဲ့တယ်။

ငယ့်မှာချစ်ရမယ့်သူ ရှိနေပြီလို့ ပြောခဲ့တဲ့နေ့တုန်းက အဲ့ဒီလူဟာ ကိုကိုဖြစ်ရပါစေလို့ တိတ်တခိုးလေးဆုတောင်းခဲ့ဖူးတယ်။ ဒါပေမယ့် ကိုကို့ဆုတောင်းမပြည့်ခဲ့ပါဘူး။ ငယ်က ကိုကို မဟုတ်တဲ့ တခြားလူတစ်ယောက်ကို အသက်ထက်မကချစ်နေခဲ့တယ်လေ။

ကိုကို့ရင်တွေကွဲကြေခဲ့ရပေမယ့်လည်း ငယ် ပျော်နေတာလည်းကိုကြည့်ပြီးတော့ ကိုကိုဖြေသိမ့်ခဲ့ပါတယ်။ ငယ်နဲ့ ငယ့်ချစ်သူ အဆင်ပြေကြဖို့လည်းမျှော်လင့်ခဲ့တယ်။

Sunday Lover [Completed]Where stories live. Discover now