^ 5 ^

429 60 10
                                    

အသက်ပုံမှန်ရှူနေပေမယ့် နိုးထမလာသေးတဲ့ကိုယ်ငယ်လေးကို ရေပတ်တိုက်ပေးနေမိသည်။ မင့်ရဲ့ လှပတဲ့မျက်နှာ​လေးမှာရှိတဲ့ နှဖူးပြင်ကျယ်လေး အသဲယားတိုင်းဆွဲညှစ်ခဲ့တဲ့နှာခေါင်းလေး သူအမြဲတမ်းနမ်းခဲ့ရတဲ့နှုတ်ခမ်းဖူးဖူးလေး တစ်ခုချင်းဆီကို သေချာရေဝတ်လေးနဲ့တိုက်ပေးနေရင်း မျက်ရည်ကကျလာရပြန်သည်။

^မင့်ကိုမှားပြီးစွပ်စွဲခဲ့မိတဲ့ကိုကို့ကိုအပြစ်ပေးနေတာလားမင်ရယ်... ကျေးဇူးပြုပြီးနိုးထလာပါတော့... ကိုကိုမင့်ကိုတောင်းပန်ဖို့စောင့်နေတယ်လေ... မင်စိတ်ကျေနပ်တဲ့အထိ ထုရိုက်ပါတော့လား... အခုတော့ အိပ်ရာထဲမှာလဲနေတဲ့ မင့်ကိုမြင်ရတိုင်း ကိုကို့နှလုံးသားတွေကွဲကြေရတယ် မင်ရယ်....^

"ငယ်လေး သတိမရသေးဘူးလား..."

အခန်းထဲဝင်လာတဲ့ အကိုဆော့ဂျင်ကိုတွေ့တော့မှ သူမျက်ရည်တွေကပျာကယာသုတ်လိုက်ရသည်။

"ဟုတ် သတိမရသေးဘူး..."

"ငယ်အရင်က ဒီလောက်အကြာကြီး သတိမလစ်ဖူးပါဘူး... "

အကိုဆော့ဂျင်ရဲ့စကားနဲ့ သက်ပြင်းချသံကြောင့် သူ့ခေါင်းတွေအလိုလိုငုံ့သွားရသည်။ ဒါတွေဟာ သူ့အပြစ်တွေပဲမလား။ သူ့ကြောင့်သာ ငယ်အခုလိုဖြစ်ရတာမလား။

"မင်းလည်း တစ်ညလုံးစောင့်နေရတာ ပင်ပန်းရောပေါ့... အိမ်ပြန်နားတော့လေ ငါရှိနေမှာပဲဟာ...."

"ဟုတ်ကဲ့ အကို...."

သူနဲ့အကိုဆော့ဂျင်နဲ့တစ်လှည့်စီ မင့်အနားမှာနေကြသည်။ အကိုဆော့ဂျင်က ကုမ္ပဏီအလုပ်တွေပစ်ထားသလို သူလည်းအလုပ်ကနေခွင့်ယူထားလိုက်သည်။အခုချိန်မှာ မင်ကလွဲပြီး ဘယ်အရာကမှသူ့အတွက်အရေးမပါပေ။

ဒီနေ့နဲ့ဆို သူမင့်အနားမှာအဖော်ပြုပေးတာ  ၄ရက်ရှိလေပြီ။ အခုချိန်ထိ မင်ကသတိမရလာသေးပေ။ ညကလည်းတစ်ညလုံး မင့်လက်ကလေးကိုကိုင်ပြီးစကားတွေပြောဖြစ်ခဲ့သည်။

သတိမရသေးပေမယ့်လည်း မင်ကသူ့စကားသံတွေကိုကြားမယ်လို့သူယုံကြည်နေခဲ့မိသည်။သူ့ရဲ့​တောင်းပန်စကားတွေကိုမင်ကြားနိုင်မှာသေချာလေသည်။ အိမ်ပြန်ရောက်တော့ တစ်ညလုံးမအိပ်ခဲ့ရတာကြောင့် အိပ်ရာမှာလှဲလိုက်သည်။

Sunday Lover [Completed]Where stories live. Discover now