^ 6 ^ END

593 65 14
                                    

လောကမှာ ချစ်ရသူကိုပိုင်ဆိုင်ခွင့်ရတာလောက်ပျော်ဖို့ကောင်းတဲ့အရာရှိနိုင်ပါ့မလား။ ကိုယ့်ဘဝရဲ့နေ့ရက်တွေအားလုံးကို ချစ်သူရဲ့လက်ကိုတွဲပြီးဖြတ်သန်းခွင့်ရတဲ့သူက ကံအကောင်းဆုံးလူသားဖြစ်မယ်လို့သူထင်ခဲ့သည်။

အခုတော့သူလည်း ထိုကံအကောင်းဆုံးလူသားဖြစ်ခွင့်ရခဲ့လေပြီ။ မနက်ဖြန်ကို သူချစ်ရတဲ့ မင်လေးနဲ့ လက်ထပ်ရတော့မယ်မဟုတ်ပါလား။ သူ့ရဲ့အနာဂတ်နေ့ရက်တွေကို မင်နဲ့အတူဖြတ်သန်းရတော့မယ်ဆိုတာကိုတွေးမိတော့ အပျော်တွေလွန်နေရသည်။

မင်နဲ့သူ့ကို သူ့မိဘတွေကနားလည်လက်ခံပေးခဲ့လေသည်။ အထူးသဖြင့် မင့်လေးရဲ့ကိုကို အကိုဆော့ဂျင်က ဒီမင်္ဂလာပွဲတစ်ခုလုံးအထမြောက်အောင်ကူညီပေးခဲ့သူဖြစ်သည်။ မင် ဆေးရုံကဆင်းတဲ့နေ့မှာပဲ သူနဲ့မင်လက်ထပ်ဖို့ပြောခဲ့တာကြောင့် သူရောမင်ရော အံ့သြခဲ့ရသည်။

"ကိုကို မင်တို့လက်ထပ်ဖို့ကအဲ့လောက်အလျင်မလိုပါဘူး...."

"ဟုတ်တယ် အကို... ကျွန်တော်လည်း တစ်နှစ် နှစ်နှစ်လောက်နေပြီး ပိုက်ဆံစုချင်သေးတယ်...."

"ဘာဆင်ခြေမှမလိုဘူး.... နှစ်ယောက်လုံး ယူဆိုယူကြ ဒါမှ ကိုယ်လည်းစိတ်အေးရမှာ ငယ့်အတွက်ကိုကို စိတ်အေးချင်တယ် ငယ့်အနားမှာ သူရှိနေတော့ ငယ်လည်းအဆင်ပြေတာပေါ့... ပြီးတော့ ယွန်းဂီက ကိုယ့်ကုမ္ပဏီမှာပဲအလုပ်ဝင်တော့... "

"ဖေဖေနဲ့မေမေရဲ့သေတမ်းစာကိုရော ဘယ်လိုလုပ်မလဲ ကိုကို...."

"ငယ်လေးစိတ်မပူပါနဲ့... ဒီကိစ္စကကိုကို စီစဉ်တာမို့လို့ ဖြစ်တဲ့ပြသာနာတွေအားလုံး ကိုကိုပဲရှင်းမယ်..."

ထိုစဉ်ကလေးနက်တည်ကြည်စွာပြောခဲ့တဲ့ အကိုဆော့ဂျင်ရဲ့ပုံကြောင့် မင့်အပေါ်မှာထားတဲ့ အကိုဆော့ဂျင်ရဲ့မေတ္တာတရားကိုသူနားလည်ပြီး လေးလည်းလေးစားခဲ့ရလေသည်။ ဒီနေ့တော့ သူတို့မင်္ဂလာဆောင်မတိုင်ခင် မင့်မိဘတွေရဲ့သေတမ်းစာနဲ့ပတ်သတ်ပြီးရှင်းကြရမည်ဖြစ်သည်။ မင်တို့မိသားစုရှေ့နေက သူ့ကိုပါလာဖို့ခေါ်ထားတာကြောင့် သူ မင်တို့အိမ်ကိုသွားနေခြင်းဖြစ်သည်။

Sunday Lover [Completed]Where stories live. Discover now