Part-26

553 40 4
                                    

"နာမည်"

Yibo-- ကျွန်တော့်နာမည်က Wang Yibo ပါ

" အလုပ်အကိုင်"

Yibo-- ....

" အသက်..?"

Yibo-- 19 နှစ်ပါ

ပါးရဲ့ အံ့ဩတဲ့ မျက်နှာရိပ်ကို Yibo အကဲခတ်လိုက် မိတယ်။ Ge ရဲ့ မိဘတွေ ရုတ်တရတ် ရောက်ချလာပြီး ကို့ရို့ကားယားအခြေအနေနဲ့ Yibo ကျုံ့ကျုံ့လေး ထိုင် နေပါတယ်။ Geနဲ့မားကလဲ ပါးက Yibo ကို လေ့လာ အကဲခတ်တဲ့ မေးခွန်းတွေ မေးနေတဲ့အချိန် မလှမ်းမကမ်း ကနေ ငြိမ်ပြီး စောင့်ကြည့်နေတယ်။

ပုံမှန်ဆို သိပ်မျက်နှာပူစရာ မရှိပေမယ့် Ge နဲ့ နမ်းနေတဲ့ အချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ရောက်ချလာတဲ့ မားနဲ့ ပါးကို Yibo မျက်နှာပြဖို့ မဝံ့မရဲ ဖြစ်မိတယ်။

" ငယ်လှချည်လား...!!"

ပါးက Xiao Zhanကို လှမ်းကြည့်တယ်။

" ငါ့သား...မင်းကောင်လေးက အထက်တန်းကျောင်းသား ပဲ ရှိ‌သေးတာလား..?"

Xiao-- ဟုတ်ပါတယ် ပါး... အထက်တန်းနောက်ဆုံးနှစ် ပါ...

ပါးကမျက်မှောင်ကျုံ့ရင်း Yibo ကို အကဲခတ်တယ်။

" ကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးထားလဲ.? Model လား....?"

Yibo-- ဟို..

Yibo စကားတွေပြောထွက်ဖို့ ဆွံ့အနေမိတုန်း...

Xiao-- Yibo က သူဝါသနာပါတဲ့ အားကစားကို ဆက်လုပ်ဖို့ ရည်ရွယ်ထားတာပါ... အခုတောင် Olympic မှာ နိုင်ငံကိုယ်စားပြု ပြိုင်ရမှာ...

"ဟုတ်လား... ဘာအားကစားလဲ... ဘောလုံးလား...? Basketball လား...? ရေကူး..?"

Yibo-- စကိတ်ဘုတ်စီးတဲ့ အားကစားပါ...

ပါးရဲ့ မျက်နှာက အံ့ဩတကြီးနဲ့ ပါးစပ် အဟောင်းသား ဖြစ်နေတယ်။ ဒါကို မားက ဝင်ပြီးတော့..

"အခုတလော အဲလို အားကစားက လူငယ်တွေကြားထဲမှာ ရေပန်းစားနေတာ... နိုင်ငံတကာကပါ လက်ခံတဲ့ အတွက် Olympic မှာပါ ယှဉ်ပြိုင်နိုင်တဲ့ ကစားနည်းအဖြစ် သတ်မှတ်ထားတာပေါ့.. အဲဒါလဲ အားကစားလို့ သတ်မှတ် ရတာပဲလေ ဖေကြီးရဲ့..!"

ပါးကတော့ Yibo ကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။ Yibo ပါးရဲ့ အရိပ်အခြည်ကို ကြည့်ပြီး သိပ်သဘောကျ ပုံမရတာကို အကဲခတ်မိတယ်။ ခေါင်းလေးငုံ့ပြီး ငြိမ်ငြိမ် လေးထိုင်နေရုံမှတပါး Yibo အသက်တောင် ပြင်းပြင်း မရှုရဲပါ...

The First Snow Where stories live. Discover now