Part-12

520 39 2
                                    

" ဟုတ်ပါတယ်... မနက်ဖြန်လေယာဉ်လက်မှတ်အတွက် confirm ချင်လို့... #$_#$__##$_&&##"

မားဖုန်းပြောနေတဲ့အသံကို Yibo ကြားတော့

Yibo-- ပြန်တော့မလို့လား အန်တီ...!

"အင်း... ဟုတ်တယ်.. ပြန်တော့မယ် ။ ဒီမှာ သားအတွက် ပြင်ဆင်စရာရှိတာလဲပြင်ပေးပြီးပြီဆိုတော့ ပြန်ရတော့ မှာပေါ့... ဟိုမှာ အားကျန့်အဖေကို တစ်ယောက်တည်း ထားခဲ့ရတာ.. "

Yibo--Ge ပြန်လာတဲ့အထိ မစောင့်တော့ဘူးပေါ့...

"သားလေးက အဆင်ပြေပြေနဲ့ သူချစ်တဲ့ အနုပညာ အလုပ်တွေ လုပ်နေတာ မြင်ပြီးပြီဆိုတော့ စိတ်ချပါပြီ.. "

Yibo မားကို စိတ်မကောင်းစွာ ကြည့်မိရင်း တိုးဖျော့တဲ့ အသံနဲ့ တောင်းပန်တယ်။

Yibo-- ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့် ကြောင့် အန်တီ စိတ်ရှုပ်ခဲ့ရမှာပဲ...

Yibo စကားကြောင့် ခရီးဆောင်အိတ်ကိုပြင်ဆင်နေတဲ့ မားက မော့ကြည့်တယ်။ Yibo က သူ့ကြောင့် မားနဲ့ Ge ကြားမှာ အခြေ အတင်ဖြစ်စေခဲ့မှာ စိုးရိမ်ပါတယ်။ မား ဘက်က Yiboကို လက်မခံပေးနိုင်သေးတာက သဘာဝကျပါတယ်။ Geရဲ့ မိဘတွေကို ကြိုအသိမပေးခဲ့ ကြဘဲ အခုလို ရုတ်တရတ် သိသွားခဲ့တော့ အခြေအနေက ကိုရို့ကားယား နိုင်လှပါတယ်။

Yiboကတော့ မားကို အားနာမိသလို Ge ဘက်က လက်ခံပေးနိုင်ဖို့ ကြိုးစားရင်း အနှောက်အယှက် ပေးမိခဲ့ တာများလားဆိုပြီး စိုးရိမ်မိသေးတယ်။ ဒီအတောတွင်း မားဘက်က Yibo ကို အကောင်းမြင်ပေးစေ ချင်ပေမယ့် အတင်းကြီး မကြိုးစားချင်ပါဘူး။ အခု မား ပြန်တော့မယ် ဆိုတော့ Yibo ခေါင်းထဲ အကြောင်းတရား အမျိုးမျိုး ဝင်လာမိတယ်။

အခုလို ပြန်ဖို့ စီစဉ်တာ သူ့ကြောင့်များလားဆိုတဲ့ အတွေးတွေပေါ့... Geအစား မားကို လိုလေသေးမရှိ အဖော်ပြုပေးခဲ့ပေမယ့် သားအရင်း တစ်ယောက် မဟုတ်တော့ မား စိတ်ကျေနပ်ပါ့မလား မသိ...

" မဟုတ်ပါဘူး... ဒီရက်ပိုင်းအတွင်း မင်းကြောင့် တော်တော်လေး အဆင်ပြေခဲ့တာတွေ အများကြီးပါ.. အခုလို ကူညီပေးတဲ့အတွက် မင်းကို ကျေးဇူးတင် ပါတယ်.."

The First Snow Where stories live. Discover now