Part-16

470 35 6
                                    


Xiao Zhan ,Yibo ကိုမှီရင်း အိပ်စက်နေရင်းက နှိုးလာတယ်။

Yibo--Ge... နိုးပြီလား...
Xiao--အင်း...
Yibo--မကြာခင် ရောက်တော့မယ် Ge. ..

Xiao Zhan,Yibo ကို ပြုံးပြရင်း မှီထားရာကနေ ပြန်မတ်လိုက်တယ်။ ပြတင်းပေါက် အပြင်ကို ငေးကြည့် လိုက်တော့ မြို့ပြနဲ့ဝေးရာကို ကားလေးက တရွေ့ရွေ့ မောင်းနှင်နေတယ်ဆိုတာကိုပဲ Xiao Zhan သတိထား မိတယ်။ ဘယ်နေရာဆီကို Yibo ခေါ်သွားမယ်ဆိုတာကို တော့ Xiao Zhanမသိနိုင်ပါ... ဘယ်နေရာပဲ ဖြစ်ဖြစ်.. Yibo သာ အနားမှာ ရှိမယ်ဆိုရင် Xiao Zhan ပျော်ရွှင်ရမယ်ဆိုတာ သိနှင့်ပြီးသားပါ... ဒါကြောင့် ဘာမေးခွန်းမှ မလိုဘဲ Yibo ခေါ်သွားတဲ့ နောက်ကို Xiao Zhan လိုက်လာခဲ့တယ်။

ဒီလိုနဲ့ ကားလေးက တဖြေးဖြေး ရပ်တန့်သွားတယ်။ ရောက်ပြီထင်တယ်... Xiao Zhan အပြင်ကို ပြတင်းပေါက်ကနေ ချောင်းကြည့်ပြီး ကားထဲကနေ အပြင်ကိုထွက်လိုက်တယ်။ ကားထဲမှာ တမှေးလောက် မှေးလိုက်ရတော့ Xiao Zhan အားတွေ ပြန်ပြည့်ပြီး အိပ်ရေးဝသွားတယ်။ Xiao Zhan အပြင်ရောက်တော့ ကားအတန်ကြာ စီးခဲ့တာကြောင့် ကျောကို ဆန့်ပြီး အညောင်းဖြေလိုက်တယ်။ ပြီးတော့ ပတ်ဝန်းကျင်ကို မြင်မြင်ချင်း အကဲခတ်ကြည့်လိုက်တော့ Xiao Zhan တအံ့တဩ ဖြစ်မိသွားတယ်....

Xiao-- Wow...!!! ရှုခင်းက လှလိုက်တာ...

Xiao Zhanက မျက်လုံး အဝိုင်းသားနဲ့ သာယာနေတဲ့ ရှုခင်းကိုကြည့်ပြီး ပျော်နေပုံရတာကြောင့် Yibo စိတ်အေး သွားမိတယ်။ အမြဲ Zhan Geနဲ့အတူ ဒီနေရာကို လာချင်ခဲ့မိတာ Yibo ဆန္ဒပါ... ဒါပေမယ့် အချိန်ပေးဖို့ မအားလပ်နိုင်ဖြစ်ပြီး အလုပ်အရမ်းများတဲ့ ကိုယ့်ချစ်သူ ကို နားလည်ပေးခဲ့တယ်။ အခုလို Yibo အတွက် အချိန်ပေးတဲ့အခါ စိတ်ကူးထဲက ဆန္ဒအတိုင်း ဒီနေရာကို ခေါ်လာလိုက်တယ်။ Zhan Ge သဘောကျနေတာ တွေ့တော့ Yibo ပျော်မိတယ်။

Yibo--Ge.. အရင်ဆုံး ကျွန်တော်တို့ အညောင်းအညာပြေ လမ်းလျှောက်ရအောင်...!
Xiao-- ကောင်းသားပဲ Bao Bao..

Yiboက Xiao Zhan လက်ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင် ကာ သာယာလှပနေတဲ့ လမ်းလေးတလျှောက် အတူ ယှဉ်တွဲပြီး လမ်းလျှောက်ဖို့ ဦးဆောင်လိုက်တယ်။

The First Snow Where stories live. Discover now