Part- 13( Extra)

541 29 4
                                    

မား ရဲ့ နွေးထွေးတဲ့အပြုံးနဲ့ Zhan Geရဲ့ လက်တွဲဖော်အဖြစ် Yibo ကို လက်ခံပေးခဲ့တော့ ရင်ထဲမှာ လေးလံနေတဲ့ ဝန်တွေ ပေါ့သွားသလို ဖြစ်မိတယ်။ နောက်ဆို... Ge က ကျွန်တော့်အတွက် ကြောင့်နဲ့ မိဘတွေနဲ့ အတိုက်အခံ မဖြစ်တော့ဘူးဆိုရင်ပဲ ကျေနပ်ပါတယ်။ မိဘတွေဆီက သဘောတူလက်ခံဖို့ Yibo ကြိုးစားသမျှက Geမျက်နှာလေး မညိုစေ ချင်လို့ပါ...

မားသာ...

ကျွန်တော့်ကို အဆုံးထိ ကန့်ကွက်နေမယ်ဆိုရင် ကြားက Geပဲ စိတ်ပင်ပန်းမှာစိုးရိမ်မိတာကြောင့် မားရှေ့မှာ Yibo တကယ် အကောင်းဆုံး... အတတ်နိုင်ဆုံး ကြိုးစား နေထိုင်ပြမိတယ်။

ကျွန်တော်က Geကို စောင့်ရှောက်နိုင်မယ့်သူအဖြစ် မား ယုံကြည်စေချင်မိတယ်...

ဒါပေမယ့်လဲ.. ကျွန်တော်က ငယ်သေးလို့လား မသိဘူး Ge...

Geကို လွမ်းမိတဲ့အခါတိုင်း မျက်ရည်တွေနဲ့ ငိုရှိုက် နေမိတုန်း...

ကျွန်တော် စိတ်ဓါတ်က သန်မာနေဖို့လိုတယ်။ Geကို စောင့်ရှောက်ရမယ့် လက်တွဲဖော် တစ်ယောက်အနေနဲ့... Geရဲ့ မှီခိုရာ ရင်ခွင်တစ်ခုအနေနဲ့.... ကျွန်တော်ဟာ... စိတ်မာတဲ့ လူကြီးတစ်ယောက်လို နေထိုင်နိုင်ရမယ်လေ...

မား ဆီက လက်ခံစကားကြောင့် Yibo အပျော်ကြီး ပျော်မိတယ်... မားကို ရင်ထဲကနေ အထပ်ထပ် ကတိပေးမိတယ်... Geကို တစ်သက်လုံး ပျော်ရွှင်ရအောင် စောင့်ရှောက်ပေးမှာပါ...

Geက ကျွန်တော့်ကို သတိရနေတယ်တဲ့... ကျွန်တော် ယုံပါတယ် ... နှလုံးသားချင်းထပ်တူ ချစ်ကြတဲ့ သူတွေပဲ... တစ်ယောက်ရင်မှာ ဘယ်လိုခံစားရမလဲ တယောက်က သိတာပေါ့... ဒါကြောင့် ရင်ထဲမှာ အလွမ်းတွေ ပြည့်နှက်နေတာကို သည်းမခံနိုင်တော့ဘဲ Geဆီ လိုက်သွားမိတယ်။ အခုချိန် Ge ရဲ့ မျက်နှာကို အမြင်ချင်ဆုံးဖြစ်မိတာ Yiboရဲ့ ဆန္ဒတစ်ခုပါ...

နှလုံးသားက တောင့်တနေတဲ့ ကျွန်တော့် ကြယ်လေး ရှိရာကို ခေါ်ဆောင်သွားပေးပါ ....

❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️

Yibo ရှန်ဟိုင်းကိုရောက်တော့ Xiao Zhanမန်နေဂျာ ကို ဖုန်းဆက်ပြီး ရှုတင်တည်နေရာကို မေးလိုက်တယ်။ နောက်ထပ် ကားတစ်တန်လောက်စီးပြီးမှ Geဆီ ရောက်လာခဲ့ရတယ်။Ge ကြိုက်တဲ့ မုန့်တွေ နဲ့ Coffee ကို တပုံကြီး ဝယ်သွားလိုက်တယ်။  လမ်းတစ်လျှောက် ဆုတောင်းမိနေတာက Ge  ကျွန်တော့်ကိုမြင်ရင် ဝမ်းသာပြီး ပျော်ရွှင်သွားပါစေလို့ပေါ့... အများကြီး လွမ်းပြီး သတိရနေမိတဲ့ Geရဲ့ ခန္ဓာကိုယ်လေးကို အကြာကြီး သိုင်းဖက်ပြီး အလွမ်းဖြေပစ်မယ်လို့ စိတ်ထဲက ကြိမ်းဝါး မိတယ်။

The First Snow Where stories live. Discover now