Part-3

891 70 1
                                    

Part-3

Xiao--ကောင်လေး ကိုင်ထားတယ်နော်!!
Yibo-- ကျွန်တော် အနားမှာ ရှိတယ်။

ကျောင်းဝန်းရဲ့ အလင်းမှိန်ဖျဖျအောက်မှာ စက်ဘီးစီး လေ့ကျင့်နေတဲ့ Xiao Zhanနဲ့ Yibo တို့နှစ်ယောက်လုံး အေးမြတဲ့ ရာသီဥတုမှာ ချွေးစို့နေကြတယ်။ အချိန် တော်တော်ကြာတဲ့အထိ Xiao Zhanဒယိမ်းဒယိုင် နင်းနေတဲ့ စက်ဘီးကို Yiboထိန်းပြီး ကိုင်ထားရင်း စက်ဘီးဘေးကနေ ပြေးလိုက်ရတာကြောင့် မောဟိုက်နေပါပြီ... ဒါပေမယ့် တချက်ကလေးမှ အထွန့်မတက်ဘဲ Xiao Zhanကို စိတ်ရှည်ရှည်နဲ့ နင်းတတ်အောင် သင်ပေးနေတယ်။

Xiao--ခဏနားရအောင် Yibo!!! ငါမောလာပြီ...!

စက်ဘီးပေါ်ကနေ နင်းနေတဲ့သူက ထိန်းပြီး ပြေးလိုက် နေရတဲ့ သူကိုမှအားမနာ သူကပဲ မောရတယ် ရှိသေးတယ်။
တကယ်တော့ Xiao Zhan က Yibo မောနေမှာစိုးလို့ နားစေချင်တာကို သိသာမှာ စိုးရိမ်လို့ပါ။ စက်ဘီးကို ခဏဘေးချထားပြီး နှစ်ယောက်သား မြက်ခင်းပေါ် လှဲချလိုက်တယ်။ အသက်ရှုသံကို ပုံမှန်ဖြစ်အောင် အမောဖြေနေတဲ့ Yibo ကို Xiao Zhan ငေးကြည့်ပြီး...

Xiao-- သောက်စရာ သွားဝယ်လိုက်ဦးမယ် ကောင်လေး!
ဒီမှာ ခဏစောင့်ဦးနော်!

Xiao Zhanအပြေးလေး ထွက်သွားတယ်။ ပြန်လာတော့ လက်ထဲမှာ ရေတစ်ဘူးနဲ့ နို့အေးဘူး နှစ်ဘူးပါလာတယ်။ Xiao Zhanက  Yiboကို ရေဘူးလှမ်းပေးလိုက်ပြီး နို့အေးဘူးကို ဖောက်ကာပိုက်တပ်လိုက်တယ်။ Yibo မောမောနဲ့ ရေကို မော့သောက်ပြီး အဖုံးပြန်ဖုံးလိုက်တယ်။

Xiao--ရော့.....! ပင်ပန်းသွားပြီ!!

Xiao Zhan က ဖောက်ပြီးသားနို့အေးဘူးကို လှမ်းပေး ရင်း Yibo သောက်ထားတဲ့ ရေဘူးကို ယူလိုက်တယ်။

Xiao--ငါ တော်တော်လေး စီးတတ်နေပြီ မဟုတ်လား!!🤗🤗

ပိုက်ကို စုပ်ရင်း ခေါင်းညိတ်နေတဲ့ Yiboကို Xiao Zhanကြည့်ရင်း သဘောကျစွာ ရယ်လိုက်မိတယ်။ မျက်စိရှေ့က ချစ်ဖို့ကောင်းအောင် ပါးဖောင်းဖောင်းနဲ့ နို့အေးဘူးစုပ်သောက်နေတဲ့ ကောင်လေးက ချစ်စဖွယ်အတိ.....

အကြာကြီးစိုက်ကြည့်နေတဲ့ Xiao Zhanကို  ပြန်ကြည့်တဲ့ Yibo ရဲ့ မျက်လုံးနဲ့ဆုံတော့ Xiao Zhan ကပျာကယာ အကြည့်လွှဲလိုက်ပြီး လက်ထဲက ရေဘူးကို ရှက်ကိုးရှက်ကန်းနဲ့ ဖွင့်သောက်လိုက်တယ်။

The First Snow Where stories live. Discover now