[ Unicode ]
↞ ✨ 𝕭𝖆𝖉 𝕽𝖔𝖒𝖆𝖓𝖈𝖊 ✨ ↠
" မင်း attendance က အခြေအနေဆိုးလွန်းတယ်။ကျောင်းသွားမယ်မလား "
အိမ်ရှင်က အဝတ်အစားအပြည့်အစုံနဲ့ အလုပ်သွားဖို့ ဖိနပ်စီးနေတော့ ရိပေါ်လည်းအူကြောင်အူကြောင်နဲ့ သူ့နောက်လိုက်ရပ်မိသည်။
အခန်းတံခါးလုပ်မယ့်လူက ညနေမှလာနိုင်မယ်ပြောတာကြောင့် အခန်းထဲဝင်နှပ်နေ၍မရပါ။ တစ်နေရာရာသွားတိုးနေဖို့စဉ်းစားပေမယ့် စဉ်းစားမိသည်ကကျောင်းသာရှိသည်။
သို့ပေမယ့် ကျောင်းသွားမယ်လို့စဉ်းစားရင်းနဲ့ကို ကျောင်းသွားမယ်မလားမေးတဲ့ ဒီလူကို ကန့်လန့်တိုက်ချင်စိတ်ကရှိနေပြန်ရော။
" မသွားပါဘူး "
" ဒါပေမယ့် ဒီနေ့ Quiz ဖြေခိုင်းဖို့ရှိတယ် "
" အဲ့လိုဆို ပိုလို့တောင်မသွားတော့ဘူး "
ပါမောက္ခရှောင်းက ဘာမှဆက်မပြောတော့ပဲ မျက်မှန်ကိုတွန်းတင်ရင်း ရိပေါ်ကိုစေ့စေ့ကြည့်တယ်။ ထိုအကြည့်အောက်မှာ လူကို ရုတ်တရက်ကြောက်သွားစေတဲ့အငွေ့အသက်မျိုး ..." စာ-စာတွေ ဘာမှမှမသိတာ ... ဘာဖြေနိုင်မှာမို့လဲ "
" ဖြေရမယ် "
" အမိန့်ပေးသလိုပြောစရာမလိုဘူး "
ရိပေါ် အော်သလိုပြောမိတော့ သူ့ရုပ်ကပိုတည်ကာအေးစက်သွားပြီး စက္ကန့်အနည်းအကြာမှာ နည်းနည်းပြန်လျော့တယ်။
" ဖြေရင် မင်းရဲ့ assessment ထဲ 5% တိုးပေးမယ် "
" ကျွန်တော့် assessment က ဘယ်လောက်လဲ "
" 30% ဒါတောင် ဝယ်ထားတဲ့ assignment နဲ့လာထပ်ခဲ့တာ မင်း "
ရိပေါ်ဖြုန်သွားသည်။ 50$ လောက်အမျှဝေလိုက်ရတဲ့ assignment
" ဘာ... ဘာလဲ ကိုယ့်ကိုကိုယ်ရေးထားတာပါနော် "
" ဟုတ်လား ? "
" ဟုတ်တယ် "
" ဘာအကြောင်းရေးခိုင်းခဲ့တာလဲ ဒါဆို "
YOU ARE READING
𝐁𝐚𝐝 𝐑𝐨𝐦𝐚𝐧𝐜𝐞
Fanfiction→ 𝐈 𝐰𝐚𝐧𝐭 𝐲𝐨𝐮𝐫 𝐥𝐨𝐯𝐞 𝐚𝐧𝐝 𝐈 𝐰𝐚𝐧𝐭 𝐲𝐨𝐮𝐫 𝐫𝐞𝐯𝐞𝐧𝐠𝐞 𝐘𝐨𝐮 𝐚𝐧𝐝 𝐦𝐞 𝐜𝐨𝐮𝐥𝐝 𝐰𝐫𝐢𝐭𝐞 𝐚 𝐛𝐚𝐝 𝐫𝐨𝐦𝐚𝐧𝐜𝐞. ← Zhanyi 🥀