𝟒 [ U + Z ]

854 171 13
                                    

[ Unicode ]

↞ ✨ 𝕭𝖆𝖉 𝕽𝖔𝖒𝖆𝖓𝖈𝖊 ✨ ↠



ဧည့်ခန်းနားထိတရွတ်တိုက်ဆွဲလာပြီးနောက် ဖိနပ်ဆွဲချွတ်ပေးပြီး အားနည်းနည်းသုံးကာ ငမူးလေးကိုဆိုဖာပေါ်မတင်ပေးလိုက်သည်။ ဘီယာနံ့အပြင် ရှောင်းကျန့်ထင်မိတဲ့အရာနောက်တစ်ခုရဲ့အနံ့ကရောထွေးကာ နှာခေါင်းမသတီချင်စရာ။

သက်တောင့်သက်သာဖြစ်သွားသည်နှင့် မျက်လုံးကောင်းကောင်းမပွင့်တော့။ ရှောင်းကျန့် ခေါင်းခါလိုက်ပြီး ရေနွေးအိုးကိုပြန်သွားကြည့်တော့ ရေနွေးကပူမနေတော့။ စိတ်အလိုမကျဖြစ်သွားပြီး ထိုရေကိုသာခွက်ထဲထည့်လိုက်သည်။ ပြီးနောက် နောက်ထပ်နာရီဝက်လောက်ထိ ထိုကောင်လေးအန်ဖတ်စို့သေမလား overdose ပြီးသေမလား ထိုင်စောင့်လိုက်သေးသည်။ ဘာမှမဖြစ်ခါမှ သက်ပြင်းနောက်တစ်ခါထပ်ချကာအိပ်ခန်းထဲသို့ဝင်လိုက်သည်။






မနက် ၆ ခွဲပေးထားသည့် alarm ကိုပိတ်ကာ နောက်ထပ်နာရီဝက်ထပ်အိပ်ပြီးမှ ရှောင်းကျန့်နိုးလာခဲ့သည်။ မျက်လုံးဖွင့်သည်နှင့် မျက်မှန်အရင်ရှာကာကောက်တတ်ပြီးမှ ရေသောက်ဖို့အိပ်ခန်းထဲကထွက်လိုက်သည်။

ကောင်းကောင်းမပွင့်သေးတဲ့မျက်လုံးကိုမျက်မှန်အောက်ကပွတ်ရင်း မီးဖိုထဲဦးတည်သည့်ခြေလှမ်းက တစ်ခုခုကိုဂျွတ်ကနဲတက်နင်းမိချိန် ရင်တွေတောင်တုန်ထွက်သွားသည်။ မျက်လုံးကျယ်နှင့် အောက်ကိုကြည့်တော့ ခြေထိပ်တွေနီနီရဲရဲဖြစ်နေတဲ့ခြေထော​က်... ရှောင်းကျန့်ဖယ်လိုက်ပြီး ခြေထောက်နေအပေါ်ပိုင်းကိုဆက်ကြည့်ကာ ထပ်တွေ့လိုက်ရသည့်အရာကြောင့် ပါးစပ်ရုတ်တရက်... Oh! ... လို့ထွက်သွားသည်။

​လူကသာ ကုလားသေကုလားမောအိပ်နေတာ အစိတ်အပိုင်းတစ်ခုက တော်တော်ကို တက်တက်ကြွကြွထောင်မတ်နေတာပဲ။

ရှောင်းကျန့် ခေါင်းနည်းနည်းခါပြီး ကိုယ့်အောက်ပိုင်းကိုငုံ့ကြည့်လိုက်သည်။ ပြီးနောက် နှုတ်ခမ်းစွန်းတစ်ဖက်ကကော့တက်ပြီး ခပ်ဆိုးဆိုးရှိချင်တဲ့အပြုံး​ပြုံးလေသည်။

ငါ ပိုကြီးတယ် ;)




ညတုန်းကဆိုဖာပေါ်ရှိခဲ့ပေမယ့်အခုတော့ ကြမ်းပြင်ပေါ်ကားယားပက်လက် ရိပေါ် ကို ရှောင်းကျန့်ကျော်ခွပြီး မီးဖိုခန်းထဲရေခွက်ယူကာ ဆိုဖာဖက်ပြန်လာပြီး TV ကိုအသံအတိုးဆုံးထားပြီးမှ သတင်း Chanel ခဏဖွင့်လိုက်သည်။

𝐁𝐚𝐝 𝐑𝐨𝐦𝐚𝐧𝐜𝐞Opowieści tętniące życiem. Odkryj je teraz