𝟐 [ U + Z ]

1.1K 183 21
                                    

[ Unicode ]

↞ ✨ 𝕭𝖆𝖉 𝕽𝖔𝖒𝖆𝖓𝖈𝖊 ✨ ↠



" မင်း  ငါ့ရုံးခန်းလိုက်ခဲ့ "

​ပါမောက္ခဆိုတဲ့အသံကမာပြီး အနည်းငယ်ကြောက်စရာကောင်းသည်။ အခန်းထဲကတီးတိုးသံတွေနဲ့အကြည့်တွေကိုပါထည့်တွက်လျှင်ရှက်ကြောက်တတ်သည့်သူဆိုနေစရာနေရာတောင်ရှိတော့မှာမဟုတ်ပေမယ့် တစ်မိုးအောက်ရိပေါ်ကတော့
' ငါ့ရုံးခန်းလိုက်ခဲ့ ' ဆိုတဲ့စကားကို
' လိမ္မာတယ် အိမ်ပြန်လို့ရပြီ ' လို့ပြောလိုက်သလိုမျိုး ပြုံးဖြီးကာလွယ်အိတ်ထလွယ်သည်။ ပြီးနောက် အပေါက်ဝထိဆောင့်ကြွဆောင့်ကြွလျှောက်သွားပြီး နေရာမှမရွေ့သေးသည့်ပါမောက္ခရှောင်းကို လှည့်ကာ

" ဘာလုပ်နေတာလဲ ... သွားမယ်လေ "

ဟု ခပ်တည်တည်နှင့်ပြောကာထွက်သွားလေသည်။ ရှောင်းကျန့် သက်ပြင်းမသိမသာချပြီး အတန်းနောက်ဆုံးကလူကိုကြည့်လိုက်သည်။ အတန်းထဲကထဲကမထွက်သေးနိုင်သည့်ကျောင်းသားတွေကိုတော့...

" စာမျက်နှာ 50,56,57 ကစာတွေအဆင်ပြေသလောက်ဖတ်လာခဲ့ မနက်ဖြန်ဆွေးနွေးမယ် "







အခြား major တွေလိုဆရာရုံးခန်းနှင့်စာသင်ဆောင်ကိုမခွဲထားသည်ကြောင့် ရိပေါ် အသစ်စက်စက်ပါမောက္ခ၏ရုံးခန်းထဲအမြန်ရောက်သွားသည်။

​ဒုတိယနှစ်က ရိပေါ်ရောက်နေကြရုံးခန်းမှာ ယခုနီညိုရောင် wallpaper များဖြင့်ပြောင်းလဲပြင်ဆင်ထားသဖြင့် အခန်းမှာမှောင်သည်ဟုထင်ရသည်။ အလုပ်စားပွဲရှေ့သို့လျှောက်သွားကာ Professor Xiao Zhan ဟူသောနာမည်ရိုက်ထားသည့်ပြောင်လက်နေသောဖန်တုံးကို လက်ဖျားနဲ့ပွတ်ရင်း နှုတ်ခမ်းစွန်းများဟာ မခန့်သလိုအပြုံးကိုပုံဖော်သည်။ ဒီနာမည်နေရာမှာ တခြားနာမည်တစ်ခုပြောင်းသွားအောင်လုပ်ဖို့ ရိပေါ်ရဲ့စကားနည်းနည်းပဲလိုတယ်ဆိုတာ ရိပေါ်သိသည်။

ထို့နောက် စားပွဲနောက်သွားကာဆုံလည်ကုလားထိုင်ပေါ်တွင်အကျအနထိုင်ပြီး ခြေထောက်ကို စားပွဲပေါ်တွင်တင်ကာ အချိန်မရွေးပွင့်လာတော့မည့် တံခါးကိုထိုင်ကြည့်နေလိုက်သည်။

𝐁𝐚𝐝 𝐑𝐨𝐦𝐚𝐧𝐜𝐞Where stories live. Discover now