𝟑 [ U + Z ]

1K 180 8
                                    

[ Unicode ]

↞ ✨ 𝕭𝖆𝖉 𝕽𝖔𝖒𝖆𝖓𝖈𝖊 ✨ ↠

- What's it with Mā ?
[ Sent ]

ရိပေါ် feel အောက်အောက်နဲ့ပဲ ကွန်ဒိုကိုလမ်းလျှောက်ပြန်ရင်း ယွီပင်းကောကိုလှမ်းမေးလိုက်တယ်။ ဒီနေ့ဆိုးမယ်လို့ကြံထားသမျှ အဆူခံပြီးပဲပြန်လာရပါတယ်။ ကြားထဲကောက်ခါငင်ခါကြီး ကဒ်ကပိတ် ကားကသိမ်းခံရသေးတယ်။ ဒါတွေအကုန် ရိပေါ်ဘဝထဲဘွားကနဲပေါ်လာတဲ့ ရှောင်းကျန့်ကြောင့်ပဲလို့ခပ်ချဉ်ချဉ်တွေးလိုက်သေးတယ်။

- ဘာကိုမေးတာလဲ ?
[ Received]

- u know what I mean.
[ Sent ]

condo နားပတ်ဝန်းကျင်က nightlife တွေရဲ့အချက်အချာဖြစ်တဲ့နေရာလို့ပြောလို့ရပြီး တက္ကသိုလ်နဲ့ရောနီးတာကြောင့် လမ်းလျှောက်ရလည်းသိပ်ပြဿနာမရှိ။ လောင်နေသည့်ကြားမှ ဒီနေရာကိုမရရအောင် ဂျီချပြီးဝယ်ခဲ့တဲ့သူ့ကိုယ်သူ သိပ်အမျှော်အမြင်ကြီးတာပဲလို့ကျေနပ်နေသေးသည်။

- မင်းကိုစောင့်ကြည့်ဖို့လူတစ်ယောက်အမြဲလွှတ်ထားတယ်ဆိုတာ မင်းသိပါတယ်။ Coke ကိစ္စက ငါလည်းသူ့ဆီကနေမှသိရတာ ကဒ်သိမ်းတာအဲ့တာကြောင့်... လက်ထဲပိုက်ဆံရှိနေလို့ပျက်စီးနေတာဆိုပြီး ငါ့ကိုပွမ်သေးတယ်။ ပြီးတော့ သူက ခါတိုင်းလို မင်းကိုကုမ္ပဏီတွေဦးစီးစေချင်တဲ့ကိစ္စပဲပေါ့။ ဒီတစ်ခါ မင်းလည်း final year ရောက်နေပြီဆိုမို့ ဘွဲ့ရတာနဲ့ကုမ္ပဏီထဲသွင်းမယ်။ ဒါကြောင့် manner တွေရော စကားအပြောအဆိုတွေရောအကုန် ပုံသွင်းထားတဲ့သူပြန်လာရင် မင်းကိုအချိုးပြေပြေပဲမြင်ချင်တယ်တဲ့။ မင်းကိုပြောခိုင်းတာလည်းရှိသေးတယ်။ ဘွဲ့ကိုလည်းတစ်နှစ်နဲ့မရရင် တစ်ဘဝလုံး သူ့သဘော့အတိုင်းလျှောက်ဖို့ပြင်ထားတဲ့။

Text အရှည်ကြီးကိုဖတ်ရင်း ရိပေါ်မေးရိုးတွေကတဖြည်းဖြည်းတင်းလာပြီး နောက်ဆုံးတစ်ကြောင်းအရောက်မှာခြေလှမ်းတွေရပ်သွားတယ်။

' ဘွဲ့ကိုလည်းတစ်နှစ်နဲ့မရရင် တစ်ဘဝလုံး သူ့သဘော့အတိုင်းလျှောက်ဖို့ပြင်ထား '

ယွီပင်းကော ဖတ်လို့ကောင်းအောင်ပြင်ရေးထားတယ်ဆိုတာ ရိပေါ်ပြောရဲတယ်။ မားက ရိပေါ်ကို သူ့ဂုဏ်သိက္ခာအတွက် အရှက်ရစရာသားတစ်ယောက်လိုပြောဆိုနေခဲ့မယ်ဆိုတာလည်းရိပ်မိတယ်။

𝐁𝐚𝐝 𝐑𝐨𝐦𝐚𝐧𝐜𝐞Where stories live. Discover now