Extra or Ending (Z+U)

1K 142 26
                                    

(Zawgyi)

" Honey ''

အသက် ခြောက်ဆယ်​ကျော် အရွယ် အဖိုးအိုလေးက​ နောက်ထပ်ခြောက်ဆယ်ကျော်အရွယ် အဖိုးအိုလေးတစ်ယောက်ကို ခေါ်တဲ့ အသုံးအနှုန်းလေးက '' Honey '' တဲ့...

မထူးဆန်းပါဘူးလေ...'

ထာဝရအထိ ချစ်သွားကြမယ်ဆိုတဲ့ သူတို့ နှစ်ဦးက အသက်အရွယ်မည်မျှပင်ကြီးသွားပါစေ အချိန်နာရီတွေ မည်သို့ပင် ပြောင်းလဲပါစေ နေ့ရက်တိုင်းမှာ ကြင်နာယုယစမြဲမို့ပါပဲ...

" Honey ထိုင်မလား...''

" အွန်း...''

အသက်လေးရလာတော့ ဒီခန္နာကိုယ်ကြီးက ဇရာ ဆိုတာကို မလွန်ဆန်နိုင်ဘူးလေ...

ငယ်ငယ်ကဆေးလိပ်တွေသောက်သည့် ဒဏ်က Honey ၏ အဆုတ်အား ဟိုးအရင်ကတည်းက နည်းနည်းချင်းစီ ဒုက္ခပေးလာခဲ့တာ အခုတော့ Honey လည်း ခံနိုင်ရည်စွမ်းတွေ ကုန်လုပြီထင်ရဲ့...။

အရင်လို မသွက်လက်တော့ပေ...

သို့ပေမဲ့ Honey က အမြဲ ပြုံးနေတတ်ပါသည်...

သူ့အပြုံးတွေ မောင် မမြင်ရရင် မောင် မပျော်နိုင်မှာစိုးလို့တဲ့လေ...

အသက်ခြောက်ဆယ်ကျော်အရွယ် အဖိုးအိုလေးတွေကြားက ချစ်ခြင်းက တကယ့်ကို ကြက်သီးထစရာပါ...

" နေလို့သာရဲ့လား Honey...''

" အွန်း ဒီနေ့ နည်းနည်းပိုမောတယ် မောင်...''

" အွန်း သမီးတို့ ညနေလာမယ်တဲ့...''

" မောင်....''

" အွန်း...သမီးတို့ကို ငါမတွေ့နိုင်တော့ဘူးထင်တယ်...''

အရေတွန့်တွန့်ဖြစ်နေပြီဖြစ်တဲ့ မောင့်လက်ချောင်းလေးတွေကို သူ့လက်တွေနဲ့ယှက်သွယ်ဆုပ်ကိုင်ထားမိသည် ။

မောင်သည်သာ သူ့အတွက် အားကိုးရာ... 

ရင်ခွင်ထဲမှ ကောင်ငယ်လေး၏ ဆံပင်ဖြူဖြူတွေအပြည့်နှင့်ခေါင်းလုံးလုံးလေးကို ChanYeol နမ်းရှိုက်လိုက်သည် ။

" မောင် ရှိတယ်လေ...ဘယ်သူ့ကိုမှ မလိုပါဘူး မောင်ရှိတယ် မင်းအတွက် မောင်က ထာဝရအထိ တူတူရှိနေမှာ...''

🎉 Kamu telah selesai membaca 🌸 ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ 🌸 (Season_2 Of FOREVER) 🎉
🌸 ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ 🌸 (Season_2 Of FOREVER) Tempat cerita menjadi hidup. Temukan sekarang