Part~4🌸(Z+U)

2.6K 336 25
                                    

(Zawgyi)

" ပင်ပန်းနေပြီလား ''

" ဟင့်အင်း...''

ဒီနေ့ည သူတို့၏ ငွေရတု မင်္ဂလာနှစ်ပတ်လည် ပွဲလေးအား မေမေတို့ခြံထဲ၌ ပင် ကျင်းပခဲ့ကြသည် ။ ကြီးကြီးမားမား ပွဲမျိုးမဟုတ်သော်လည်း မသေးငယ်လှပေ ။ မိသားစုနှစ်စု၏ လုပ်ငန်းပါတနာများ မိတ်ဆွေ သင်္ဂဟများဖြင့် ခြံကျယ်ကြီျးစ်ခုလုံး ပြည့်နှက်လို့နေသည် ။

ဧည့်သည်တွေတစ်ယောက်ချင်းအား လိုက်မိတ်ဆက်နေ၍ ချစ်ရသော အသည်းငယ်လေး ပင်ပန်းနေမည်ကိုပင် စိုးရိမ်ရသည် ။

" မောင် love shot..''

" အဲ....''

ဟိုတနေ့က မောင့်အားမြောင်းဖောက်နေသော မဒီချောသည် မောင်ရှိရာသို့လျှောက်လှမ်းလာသည်ကို မြင်မိ၍ ဝိုင်ခွက်နှစ်ခွက်အားယူကာ မောင့်ကိုပေးကာ love shot သောက်ဖို့ပြောလိုက်သည် ။ ပြုံးရင်း ဘာမှမဆိုပဲ မောင့်လက်တွေကိုယှက်သွယ်ကာ ဝိုင်အားမောင်နဲ့တူတူ love shot သောက်လိုက်တော့ သူမခြေလှမ်းတွေ တန့်သွားသည်လေ ။

" ချစ်တယ်မောင်...''

မောင့်နှုတ်ခမ်းထူထူကို ခြေဖျားထောက်ကာ ခပ်ဖွဖွနမ်းလိုက်မိသည် ။ ထိုအချိန်၌ပင် ကင်မရာမီးတွေ တဖျတ်ဖျတ်လက်သွားသည်ကို မြင်လိုက်ရသည် ။

တရားခံကား သမီးနှစ်ယောက်ပင်...။

" Aeri Nabi..''

"Daddy တို့က သိပ်ရိုတာပဲ ဟိ...မမ ပုံလေးကလှလှလေးရရဲ့လား...''

" အမိအရရိုက်မိတယ် ညီမလေးရဲ့ ဒီမှာကြည့် Appa ရဲ့ ငွေရတု လက်ဆောင်အနမ်းလေး....''

ဓာတ်ပုံလေးအား ပြန်ပြ၍ သူရောမောင်ပါကြည့်မိသည် ။ သူ့သမီးတွေ တကယ်ကိုတော်လွန်းသည် ။ အပိုအလိုမရှိ သူမောင့်ကိုအနမ်းပေးသည့်အခိုက်အတန့်လေးကို အမိအရ လှပစွာရိုက်ထားနိုင်သည် ။

" Appa ကို အဲ့ပုံလေးပို့ပေး သမီးကြီး ပုံအကြီးကြီးချဲ့ပြီး သမီးDaddy ရုံးခန်းထဲကပ်ထားချင်လို့ ''

" အယ် Appa က Daddy ကို သဝန်တိုနေတာလား...''

" ဟုတ်ပါ့သမီးရေ သမီးAppa က Daddy ကို တိုနေတာ ဒီလောက် အဖိုးကြီးအရွယ်ရောက်နေတာတောင် သဝန်တိုတုန်းပဲတဲ့...''

🌸 ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ 🌸 (Season_2 Of FOREVER) Where stories live. Discover now