(Zawgyi)
" ဒီနေ့ ဆိုင်ခန်းသွားကြည့်မလို့ မောင်အားလား...''
" အယ် မောင်က ဒီနေ့အရေးကြီးဧည့်သည်တွေ့ဖို့ရှိတယ် နောက်ရက်ချိန်းလို့မရဘူးလား Honey ''
" ဒီနေ့ပြောပြီးသားကြီးမို့ ရတယ် မောင် မအားရင် ငါ့ဘာသာသွားလိုက်မယ် ''
" အင်း ပြီးရင် ဖုန်းဆက်လိုက် ညနေစာအပြင်မှာစားရအောင် ''
" ဟုတ်...''
နက်ခ်တိုင်စည်းပေးခြင်းအားအဆုံးသတ်ကာ မောင့်ကိုတစ်ချက်မော့ကြည့်တော့ နှုတ်ခမ်းတွေကို ခပ်ဖွဖွဖိကပ်နမ်းလာသည် ။
" Morning Kiss Honey...''
ပြုံးရုံလေးပြုံးကာ လှည့်ထွက်သွားသော Honey ကို နောက်မှနေသိုင်းဖက်တော့ ဘာလဲဟူသော သဘောဖြင့် ခေါင်းလေးစောင်းငဲ့ကာကြည့်လာသည် ။
" ချစ်လို့...''
" ဦးလေးကြီး ကဲ မနေနဲ့ ကိုယ့်အသက်လည်းကိုယ်ပြန်ကြည့်ဦး..''
ရယ်သွမ်းသွေးကာပြောလာသော သူလေးက သဘောမကျသည်လည်းမဟုတ်ပဲ မူပိုနေပြန်သည် ။
" Honey မောင်တို့ ခရီးထွက်ကြမလား...''
" တကယ်လား...''
" အင်း မောင်တို့ခရီးမသွားတာကြာပြီလေ Honey ဆိုင်ခွဲမဖွင့်ခင်သွားရအောင် တစ်ပါတ်လောက်ဖြစ်ဖြစ် ''
" အင်း သမီးတို့ကိုလည်း ကြိုဖုန်းဆက်ထားရမယ် ''
" မောင်တို့နှစ်ယောက်တည်းသွားမယ်လေကွာ..''
" အယ် သမီးတို့ကိုမခေါ်တော့ဘူးလား..''
" အင်း မခေါ်တော့ဘူး မောင်တို့ နှစ်ယောက်တည်း ''
" ဟုတ်ပါပြီ...ကဲ လွှတ်တော့ နောက်ကျတော့မယ် ''
ခါးကဖက်တွယ်ထားတဲ့လက်တွေကို ဖယ်ကာပြောတော့ လည်ကုတ်လေးပေါ် ခပ်ဖွဖွနမ်းကာ လွှတ်ပေးလေသည် ။
မနက်ခင်း ဆိုင်မှာ စီစဉ်စရာတွေ စီစဉ် မှာကြားစရာတွေမှာထားကာ ဆယ်နာရီခန့်၌ ဆိုင်ခွဲသစ်ဖွင့်ဖို့နေရာကိုလေ့လာရန် သူထွက်လာခဲ့သည် ။
မောင်အလုပ်လုပ်နေတဲ့ မောင့်ဒယ်ဒီ၏ကုမ္ပဏီနှင့်မျက်နှာချင်းဆိုင်က နေရာလေးကို သူအတော်လေးသဘောတွေ့နေသည် ။
![](https://img.wattpad.com/cover/191327215-288-k930558.jpg)
YOU ARE READING
🌸 ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ 🌸 (Season_2 Of FOREVER)
RomanceSeason_2 Of FOREVER ထာဝရအတွက် မည်သော ချစ်ခြင်းတွေသည် သူ့တစ်ယောက်တည်းကိုသာ ရည်ရွယ်၍ ထာဝရအဆုံးထိ သူ့တစ်ယောက်တည်းသာ ချစ်မည်... မောင်တို့ကြားက ချစ်ခြင်းတွေ ခိုင်မြဲလှပဖို့ မောင်ကသာ အလျော့ပေးလို့ ပိုချစ်ပေးမယ်... ပိုချစ်သောသူ ကိုယ်ပဲဖြစ်ပါစေ....💜 Seas...