Part~1🌸(Z+U)

4.8K 392 21
                                    

(Zawgyi)

* Welcome To Wedding Ceremony Of

Choi Min Ho & Park Aeri *

ခန်းမအဝင်မှ Photo Stand လေးပေါ်မှ စာလုံးလေးတွေကို လက်ဖြင့်ခပ်ဖွဖွထိတွေ့ရင်း ဝေ့ဝဲတက်လာသော မျက်ရည်ကြည်တွေကို ပုတ်ခတ်ဖယ်ရှားပစ်ရသည် ။

မောင့်အကြင်နာတွေရယ်သူ့ချစ်ခြင်းတွေရယ်ပေါင်းစပ်ခြင်းတွေဖြစ်သော သမီးတစ်ယောက်ကား လူ့လောကထဲကို ရပ်တည်တော့မည်တဲ့ ။

ငယ်စဉ်ကအချိန်တွေပြန်တွေးမိတိုင်း နှမျောမိပေမဲ့ အမျိုးကောင်းသားလေးဖြင့် မေတ္တာသက်ဝင်သွားသော သမီးကြီးအတွက် သူတို့နှစ်ယောက်စိတ်ချရပြီမို့ တစ်ဖက်ကကြည်နူးရသည် ။

"Appa...Daddy ခေါ်နေတယ်...''

" အင်း သမီးငယ် ...''

" Daddy က မမ အလှပြင်တဲ့အခန်းထဲမှာ Appa ''

" အင်း ဧည့်သည်တွေကို ခဏဧည့်ခံပေးထားနော် သမီးငယ်...''

" ဟုတ် Appa...''

သမီးငယ်လေး Nabi က လှပစွာပြုံးပြရင်း သူ့အား သမီးကြီးနှင့်မောင်ရှိရာသို့စေလွှတ်သည် ။ သမီးငယ်လေး၏ ခေါင်းလေးအားခပ်ဖွဖွပုတ်ကာ ထွက်လာခဲ့တော့ သမီးငယ်လေးက မောင်နှင့်သူ့မမလိုပါရှိသော ပါးချိုင့်နက်လေးတွေပေါ်အောင်ပြုံးပြသည် ။

မောင်နဲ့သူ၏ လှပသော အကြင်နာတွေကြောင့်ထင်ပါရဲ့...။သမီးနှစ်ယောက်လုံးက အရမ်းချစ်ဖို့ကောင်းလှသည် ။

သမီးကြီးက မောင့်လိုမျက်ဝန်းဝိုင်းဝိုင်းတွေဖြင့် မောင်နှင့်ပိုတူ၍ သမီးငယ်ကတော့ မျက်ဝန်းသေးသေးလေးတွေဖြင့် သူနှင့်တူလွန်းသည် ။

ပါးချိုင့်နက်တွေ နှစ်ယောက်လုံးမှာပါသည်ကတော့ မောင့်အကြင်နာတွေပိုခဲ့၍ဖြစ်မည်ထင်...။

" သမီးကြီး မောင်...''

"Appa..''

" Appa သမီးကချောလိုက်တာ Appa နဲ့တူလို့ဖြစ်မယ်...''

သမီးကြီးလက်လေးတွေဆုပ်ကိုင်ကာ ပြောတော့ သမီးကြီးနှင့်မောင့်အပြင် မိတ်ကပ်ဆရာကပါပြုံးသည် ။

" မောင့်သမီးကမောင်နဲ့တူလို့ချောတာပါနော်...''

" အမယ် သမီးကို ငါကမွေးထားတာပါနော် ငါ့သမီးပါနော်...''

🌸 ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ 🌸 (Season_2 Of FOREVER) Where stories live. Discover now