Part~2..🌸(Z+U)

3.2K 350 51
                                    

(Zawgyi)

"Daddy ''

" အယ် သမီးငယ် ''

ခြံလေးထဲ နှင်းဆီပန်းလေးတွေ ခူးနေတုန်း နောက်မှ သမီးငယ်ခေါ်သံကြောင့် ပန်းခူးတာကိုရပ်ကာ သမီးငယ်ဆီလျှောက်သွားလိုက်သည် ။

" အစောကြီးပဲ သမီးငယ် ဒီနေ့ သင်တန်းမတက်ရဘူးလား..''

" ဟုတ် မမ မရှိတော့ Daddyနဲ့ Appa ပျင်းနေမှာစိုးလို့ ဖွားဖွားတို့ကိုပြောပြီး အစောကြီးထွက်လာတာ...''

" သမီးတို့ကို မနေ့ကပဲ သမီး Appa ကလွမ်းနေရှာတာ...''

"Appa ရော Daddy...''

" အိပ်တုန်း ညက ဆိုင်ကစာရင်းတွေလုပ်ရင်းည့ဉ်နက်သွားလို့လေ...''

" အော် ဒီပန်းတွေက Appa အတွက်လား Daddy..''

" အင်း...''

"Appa ကိုသိပ်ချစ်တာပဲလား Daddy...''

Nabi ၏ အမေးကို Daddyကမဖြေ။ လက်ထဲကနှင်းဆီဖြူနီဝါပွင့်လေးတွေကိုငေးရင်းပြုံးပြသည် ။

" သမီး Appa ကိုသွားနှိုးလိုကိဦးမယ်...မနက်စာပြင်ထားပေးမလားသမီးငယ်...''

" ဟုတ် Daddy...''

နှင်းဆီပန်းလေးတွေ ကို ယုယုယယ ကိုင်ကာ ပြုံးရင်းအခန်းထဲဝင်သွားသော Daddy ကိုကြည့်ရင်း Nabiကြည်နူးစွာပြုံးမိသည် ။

Appa အပေါ်ထားသော Daddy ၏ ချစိခြင်းတွေသည် ဟောဒီကမ္ဘာပေါ်မှာ ဘယ်သူကမှနှိုင်းမမှီနိုင်လောက်အောင် ခမ်းနားလွန်းလှသည် ။

အိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော်ထိ စိတ်ဆိုးစိတ်ကောက်မရှိသော Appa နဲ့ Daddy ၏ ချစ်ခြင်းကား မြင်ရသူတိုင်းကြည်နူးအားကျစေသည် ။

" Honey...မောင့်အသည်းရေ ထတော့လေ...''

အသံပြုကာနှိုးရင်း လက်ထဲကပန်းလေးတွေကို စားပွဲပေါ်ကရေလဲပြီးသားပန်းအိုးငယ်လေးထဲထိုးစိုက်လိုက်သည် ။ အဖြူရောင်နှင်းဆီလေးတစ်ပွင့်ကိုတော့ ချန်ထားသည် ။

ထို့နောက် ကုတင်ပေါ် တင်ပါးလွှဲထိုင်ရင်း စောင်ခြုံထဲထွေးနေသော ကိုယ်သေးသေးလုံးလုံးလေးအား ဆွဲပွေ့လိုက်သည် ။

" အဟင့်..မောင် ငါးမိနစ်ကွာ ငါးမိနစ်ပဲ...''

မျက်လုံးတွေမပွင့်ပဲ ငါးမိနစ်ဟု ညည်းနေသော ကောင်လေးက ခွေးပေါက်လေးအီနေသကဲ့သို့ ချစ်စဖွယ်ပင် ။

🌸 ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါစေ 🌸 (Season_2 Of FOREVER) Where stories live. Discover now