Part 12

74 7 0
                                    

ဘုရားသွားရာ လမ်းတစ်လျှောက်တွင် စစ်သည် တိတ်ဆိတ်နေသလို အစ်ကိုလည်း တိတ်နေ၏။ ဒီဇင်ဘာလဖြစ်သောကြောင့် နေရောင်ထွက်နေသော်လည်း လေများကမူ အေးနေလျက်။ ကားမှန်ချပေးထားသော အစ်ကိုကြောင့် ဆောင်းလေလေးများသည် ကားထဲသို့ ဝင်လာ၍ အခြေအနေအား စပ်စုနေကြ၏။

"စစ်"

တိတ်ဆိတ်နေသော အခြေအနေအား ဖြိုခွဲလိုက်သော ခေါ်သံလေး...

"ချယ်ရီပန်းကို အပြင်မှာ မြင်ဖူးလား။"

"ချယ်ရီပန်း? ဟင့်အင်း။ မမြင်ဖူးဘူး။"

မေးပြီးတော့လည်း ဆက်မမေးလဲ ပြုံးရုံသာ ပြုံးနေသော အစ်ကိုကြောင့် စစ်လည်း အပြင်သို့သာ ကြည့်နေမိ၏။ ထို့နောက် ကားလမ်း၏ နှစ်ဖက်လုံးတွင် တွေ့လိုက်ရသော အပင်များ။ ဓာတ်ပုံရိုက်သူက ရိုက်နှင့် လူများ စည်ကားနေကြ၏။ စစ်လည်း စိတ်ဝင်စားမိကာ ကားရှေ့မြင်ကွင်းမှ ကြည့်လိုက်သောအခါ ရှေ့လမ်းတောက်လျှောက် အဲ့လိုအပင်တွေချည်းပဲ။ ပန်းရောင်လေးတွေ...ပန်း... ချယ်ရီပန်းတွေလား...

"အစ်ကို... ဒါက ချယ်ရီပန်းတွေမလား။ လှလိုက်တာ။"

"အင်း... အရမ်းလှတယ်။ အရင်တုန်းက ဇန်နဝါရီလလယ်လောက်မှ ပွင့်တာ။ ဒီနှစ်က နည်းနည်းစောပွင့်တာ။"

မကြာမီ ပြည်ချစ်ဘုရားအား ကားပေါ်မှ ဖူးတွေ့နေရပြီ။ ကားပေါ်မှ ဆင်း၍ ဘေးတစ်ဖက်တစ်ချက်တွင် ခြင်္သေ့ရုပ်ထု ခြံရံထားသော လှေကားအတိုင်း ဖိနပ်ချွတ်ပြီး တက်သွားခဲ့ကြသည်။

"လာ စစ်... ဘုရားအရင်ဝင်ဖူးပြီးမှ ဘုရားရင်ပြင်တစ်ပတ်, ပတ်ကြည့်မယ်။"

အစ်ကိုပြောသည်အား ကန့်ကွက်စရာမရှိသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ စေတီပုံစံဆိုပေမယ့် အထဲတွင် ဘုရားဆင်းတုရုပ်ပွားတော်သည် သပ္ပာယ်စွာ ကိန်းဝပ်စံပယ်နေ၏။ စစ်၏ စိတ်ရော ကိုယ်ပါ ဘုရားရိပ်၊ တရားရိပ်များ လွှမ်းခြုံထားသောကြောင့် အေးချမ်းရ၏။ ဘုရားအား ဦးချကန်တော့ပြီးသော်လည်း အစ်ကိုသည် ကန်တော့၍ မပြီးသောကြောင့် စောင့်နေမိ၏။ မျက်စိရှေ့မှ လူသား၏ ပုံရိပ်အား သိမ်းဆည်းချင်လာသဖြင့် နောက်ကျောပုံအား ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ထားလိုက်၏။

စစ်ကိုး (စစ္ကိုး)Where stories live. Discover now