အပိုင်း (၁၇)

343 34 3
                                    

အခန်းငယ်လေးထဲသို့ မနက်ခင်း၏ အလင်းရောင်ခြည်သည် တောက်ပစွာ ဖြာဝေချင်သော်လည်း ခန်းစီးလိုက်ကာများကမူ တားဆီးထားသည်။ အိပ်ရာထက်တွင် အိပ်စက်နေသူသည် မျက်နှာကိုသာ ဖော်ထား၍ တစ်ကိုယ်လုံးစောင်ဖုံးကာ ကွေးနေ၏။ စိတ်ချမ်းသာစွာ အိပ်စက်နေသူအပါး ကောင်လေးတစ်ယောက်သည် ရောက်လာ၍ နဖူးထက်သို့ အနမ်းဖွဖွပေးကာ စကားတစ်ခွန်းဆိုလိုက်သည်။

“ကစားပွဲက စနေခဲ့တာ ကြာပြီဆိုပေမယ့် ဒီနေ့မှ ထိပ်တိုက်တွေ့ရတော့မယ်။ Good Luck ပါ ကိုကိုရဲ့ စစ်ကိုး…”

ကြည်လင်နေသော မျက်နှာလေးအား အချိန်အတန်ကြာ ငေးကြည့်ပြီးနောက် ထွက်သွား၏။ အခန်းတံခါးပိတ်သံအား ကြားပြီးနောက် မျက်လုံးတစ်စုံသည်လည်း ဖြေးညင်းစွာ ပွင့်လာ၏။ အိပ်ရာထက်မှ ထထိုင်ကာ ကိုကိုပြောသွားသော စကားအပေါ် စဥ်းစားနေရသည်။

ထိပ်တိုက်တွေ့ရမယ်… ကစားပွဲ? ဘာကစားပွဲလဲ?

စစ်သည် ပုံမှန်ဆို မနက်စောစောနိုးတတ်သော်လည်း ပြင်ဦးလွင်ရောက်ကတည်းက အပျင်းကြီးနေခဲ့သောကြောင့် မနိုးသေးဘူးဟု ကိုကို ထင်သွားပုံရ၏။ ရှေ့ဆက်ရမည့် အနာဂတ်တွင် မည်သို့မည်ပုံလာမည်မှန်းမသိသော်လည်း ကိုကို့အား ဘယ်တော့မှ စွန့်ခွာသွားမည်မဟုတ်။ ဒီတစ်ခါ အသည်းကွဲလျှင်လည်း စစ် ရူးလောက်သည်။

ထိုအချိန်တွင် ရန်ကုန်မှ ထွက်လာသော BMW ကားတစ်စီးသည် လမ်းမကြီးပေါ်တွင် မောင်းနှင်နေသည်မှာ အသက်ဝင်ကာ ပြေးလွှားနေသည့်အလားပင်။ ထိုကားနောက်ခန်းတွင် ထိုင်နေသော ထက်မာန်၏ အတွေးများသည် အတိတ်ကာလဆီသို့ ပြန်လည်အောက်မေ့နေသည်။

“ဒီဇင်ဘာခြံကို အရင်သွားမယ်။ မြို့ရှောင်လမ်းကပဲ သွား… နောက်မှ မြို့ထဲ ဝင်မယ်။”

ကားမောင်းသမား ခေါင်းညိတ်ပြသည်ကို ကြည့်၍ ထက်မာန် သက်ပြင်းတစ်ချက်ချမိ၏။ တစ်ချိန်က သူငယ်ချင်းများနှင့် ပျော်စရာအမှတ်တရများအား ပြန်လိုချင်မိသည်။ ဘဝမှာ ပြင်မရသောအမှားတစ်ခု မကျူးလွန်သေးသော အချိန်အား နောက်ပြန်ဆုတ်လို့ရလျှင် ကောင်းမည်။

စစ်ကိုး (စစ္ကိုး)Dove le storie prendono vita. Scoprilo ora