Part 19

71 8 0
                                    

ရန်ကုန်သို့ ပြန်ရောက်ပြီးသည်နှင့် စစ်အတွက် အလုပ်များ ဆက်တိုက်ပိနေသည်။ အလုပ်ပိတ်ရက်တောင်မှ ကိုကိုကြီးခိုင်းလို့ ဟိုသွားရ၊ ဒီသွားလိုက်ရနှင့်။ ကိုကိုကြီးသည် စစ်ကို သူ့အတွင်းရေးမှူးနှင့်များ မှားနေသလားမသိပေ။ ယခုတောင်မှ နေ့လည် Break time မို့ အားနေခြင်းပင်။

ညဘက်တွင် ကိုကိုနှင့် ဖုန်းအဆက်အသွယ်ရှိသော်လည်း လူချင်း မတွေ့ရသောကြောင့် လွမ်းနေရ၏။

အာ… မေ့နေတာပဲ။ vedio call ခေါ်လို့ရတာပဲ။ ဒီညကျမှ ခေါ်ရမယ်…

“ဘာတွေ ဒီလောက်ပြုံးနေတာလဲ စစ် အဲ ထက်စစ်နိုင်း…”

အလုပ်စားပွဲတွင် ထိုင်နေရင်း ကိုနိုင်မောင်သည် စစ်၏ ရှေ့တည့်တည့်တွင် လာရပ်ကာ စကားပြော၏။ ကိုကို့အကြောင်းတွေးနေရင် ဘာကိုမှ အာရုံမရတော့ဘူး…

“ဪ… ကိုနိုင်မောင်… ကျွန်တော့်ကို စစ်လို့ပဲ ရင်းရင်းနှီးနှီးခေါ်ပါ။ ဒါနဲ့ ထမင်းစားချိန်လေ… သွားမစားဘူးလား။”

“အလုပ်တွေ ပိနေလို့ မစားရသေးဘူး စစ်ရေ။ အခုမှ သွားစားမှာ… စစ်ရော စားပြီးပြီလား။”

“မနက်စာ စားလာတာ များသွားတယ်။ အဲ့တာကြောင့် မစားတော့တာ။ ဒါဆို ကျွန်တော်ဆီ သပ်သပ်လာတာလား။”

“အဲ့တာကလေ။ စစ်ကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။”

အကူအညီတောင်းနေသော ကိုနိုင်မောင်အား ကြည့်ရင်း စစ်ပြုံးလိုက်မိသည်။ အကူအညီအများကြီး ပေးခဲ့ဖူးသူအား ဘယ်လို ငြင်းရမှာလဲ။

“ပြောကြည့်လေ။ ကျွန်တော် ကူညီနိုင်ရင် ကူညီပါ့မယ်။”

“ကိုနိုင် သွားစရာနှစ်နေရာရှိတယ်။ တစ်နေရာက အရမ်း အလျင်လိုနေတယ်။ အဲ့တော့လေ စစ် သွားပေး, ပေးပါလား။ ဖိုင်က အရေးကြီးလို့ အခြားသူတွေကျပြန်တော့လည်း စိတ်မချလို့။”

လက်ထဲတွင် ဖိုင်တွဲနှစ်ခုအား ကိုင်၍ ရှင်းပြနေသော ကိုနိုင်မောင်သည် အမဲရောင်ဖိုင်အား စစ်ကို ပေးလာ၏။ အလျင်လိုနေဟန် ရှိသော ကိုနိုင်မောင်ကြောင့် စစ်လည်း လက်ခံလိုက်သည်။

စစ်ကိုး (စစ္ကိုး)Where stories live. Discover now