☁ 6 ☁

622 105 1
                                    

- C L O U D -


🍁 မြူ မှုန်တစ်မှုန်မျှတောင်အထိအခိုက်မခံနိုင်

လောက်တဲ့အထိ မြတ်နိုးရတဲ့သူမို့လို့ပါ 🍁

___________________________________

အောက်ပိုင်းတစ်နေရာကနေနာကျင်မှုနဲ့အတူ သိပ်မခြောက်သေးတဲ့မျက်ရည်စတွေက ပါးပြင်ထက်မှာဟိုတစ်စဒီတစ်စပြန့်ကျဲလို့ ။

လှုပ်ရှားလိုက်တိုင်းထိုး​အောင့်လာတဲ့ခါးကိုလျစ်လျူ ရှုလိုက်ရင်း ပိတ်ထားတဲ့မျက်လွှာတွေကိုဖွင့်လို့ထထိုင်လိုက်တယ် ။ အခန်းထဲ့ကိုဝေ့ဝဲကြည့်လိုက်ရင်း ဘယ်သူမှရှိမနေဘူးဆိုတဲ့အသိကသူ့ကိုအနည်းငယ်စိတ်သက်သာယာရစေသယောင် ။

ခြုံထားတဲ့စောင်ကိုဆွဲခွာလို့ ကြည့်လိုက်တော့သူ့ခန္ဓာကိုယ်​ပေါ်မှာ​ရောက်နှင့်​နေပြီးသား တီရှပ်အဖြူ လေးနဲ့ ဒူးလောက်ဘောင်းဘီအနက်ရောင်အတိုလေးတစ်ထည် ။

မခြောက်သေးတဲ့မျက်ရည်စတွေကိုအကုန်လက်နဲ့ဆွဲပွတ်လို့သုတ်လိုက်ရင်း သူ့ရဲ့ခြေလှမ်းတွေကိုရေချိုးခန်းဆီဦးတည်လိုက်တယ် ။

ရေချိုးခန်းရဲ့ကိုယ်လုံးပေါ်မှန်ရှေ့မှာအချိန်အနည်းငယ်ကြာအောင်သူရပ်ကြည့်နေမိတယ် ။

ရွံလိုက်တာ...!

သူ့ရဲ့မသန့်ရှင်းတော့တဲ့ခန္ဓာကိုယ်ကြီးကိုရွံ့ လွန်းလို့ဘယ်လိုလုပ်ရမလဲ ။

ယောက်ကျာင်္းတစ်ယောက်ဖြစ်ပါလျှက်နဲ့ တစ်ခြားယောင်္ကျားတစ်ယောက်ဆီမှာပြန်ပြီးစော်ကားခံခဲ့ရတဲ့သူ့ကိုယ်သူ ရွံ့မုန်းလွန်းလို့သူဘယ်လိုလုပ်ရမလဲ ။

သေလိုက်ရင်ကောင်းမလား!

ဘာမှသုံးစားမရတော့တဲ့ဘဝကြီးမှာဆက်ပြီးရှင့သန်နေရမဲ့အတူတူ သူသေသွားလိုက်တာကပိုပြီးတော့ကောင်းသွားမယ်ထင်ပါရဲ့ ။

မှန်အရှေ့စင်မှာတင်ထားတဲ့မုတ်ဆိတ်ရိတ်တံထဲ့က​နေ ဓားပါးလေးကိုဆွဲထုတ်လိုက်တယ် ။ ထိုဓားပါးလေးကိုချမိတဲ့နေရာက သူ့လက်ကောက်ဝတ်ပေါ်ကသွေးကြောစိမ်းလေးတွေပေါ်မှာ ။

ဓားသွားလေးကိုနက်လိုက်တော့ စိမ့်ထွက်လာတဲ့သွေးတွေနဲ့အတူ ရေချိုးခန်းရဲ့ခင်းထားတဲ့အဖြူ ရောင်ကြွေပြားချပ်တွေအပေါ်မှာကျဆင်းသွားတဲ့ သွေးစက်တွေကဟိုတစ်စ ၊ သည်တစ်စ ။

🍁 C L O U D 🍁 ( Completed)Where stories live. Discover now