☁ 8 ☁

578 97 0
                                    

- C L O U D -

☁ 8 ☁
...............

🍁 မမြင်ရတဲ့ကြိုး​တွေနဲ့ချည်​နှောင်ထားတာ​တောင်မှ

ဘာလို့ထွက်ပြေးချင်နေရတာလဲ ကိုကို 🍁

______________________________________

အိမ်ရှေ့ကနေဝမ်ရိပေါ်ရဲ့ကား ထွက်သွားတဲ့အသံကြားပြီးတာနဲ့ အိပ်ခန်းတံခါးကိုလော့ချလိုက်ရင်း မွေ့ယာထက်မှာကျနစွာခင်းထားတဲ့မွေ့ယာခင်းအစွပ်ကိုဆွဲခွာလိုက်တယ် ။

ထို့နောက် မွေ့ယာခင်းအစွပ်ရဲ့ထိပ်ဖျားနဲ့စောင်ရဲ့ထိပ်ဖျားတို့ကိုတွဲချည်လို့  ကုတင်​ခြေရင်းမှတစ်ဆင့်ပြတင်းပေါက်ရဲ့ဘောင်မှာသေချာခိုင်အောင်ထပ်ချည်လိုက်တယ် ။

ခိုင်သွားပြီဆိုမှထိုအဝတ်စအရှည်ကြီးကိုပြတင်းပေါက်အပြင်ဘက်ထုတ်လို့ တွဲလျားချလိုက်ရင်း အောက်ဘက်မှာလူရှိမရှိသေချာအောင်ပြန်ကြည့်ရသေးတယ် ။

ထိုအချိန်က ဝမ်ရိပေါ်အလုပ်သွားနေကြအချိန် ။ ဝမ်ရိပေါ်အလုပ်သွားရင်စစ်ကျွေးကလည်းအတူတူပါသွားပြီသား ။ အိမ်တော်ထိန်းကြီးနဲ့အိမ်ကူတစ်ချို့က​တော့အခု​ချိန်​လောက်ဆိုမီးဖို​ချောင်မှာအလုပ်ရှုပ်​နေမှာ ။

သူ့အခန်းအဝမှာရှိတဲ့ ဝမ်ရိပေါ်ရဲ့လူနှစ်ယောက်ကလည်း သူမခေါ်သရွေ့အခန်းထဲ့ကိုဝင်လာကြမည်မဟုတ်!

လူတွေမရှိတာသေချာပြီဆိုမှ ပြတင်းပေါက်ဘောင်ကိုကျော်တက်လိုက်ရင်းဆင်းဖို့ပြင်လိုက်တယ် ။ သူ့ကြည့်ခဲ့ဖူးသမျှ ရုပ်ရှင်တွေထဲ့မှာတော့ ထွက်ပြေးချင်ကြတဲ့သူတွေအတွက်ဒီနည်းလမ်းကအသုံးများဆုံးနည်းလမ်းဘဲ့!

နံရံနဲ့ကြိုးစကိုအားပြုလို့ဆင်းလာ​ပေမဲ့ ခြေချော်ပြီးပြုတ်ကြမလိုဖြစ်တာလည်းတစ်ခါနှစ်ခါ ။

အိမ်အရှေ့ဘက်ခြံတံခါးဝကို​မျှော်ကြည့်လိုက်​တော့ ဝမ်ရိပေါ်ရဲ့လူတွေရှိမနေဘဲ့ ခြံစောင့်ဦးလေးကြီးတစ်ယောက်ထဲ့သာ ။

ခြံတံခါးဝအနားကိုသစ်ပင်တွေကြားထဲ့ကနေတဖြည်းဖြည်းတိုးသွား​နေတုန်း ပန်းအိုးကြီးမပြီးသူ့ဘက်ကို​လျှောက်လာ​နေတဲ့ခြံ​စောင့်ဦး​လေးကြီး​ကြောင့်လဲ ပန်းချူံ ကြီးတစ်ခုရဲ့နောက်မှာဝင်ပုန်းရသေးတယ် ။

🍁 C L O U D 🍁 ( Completed)Where stories live. Discover now