☁ 1 ☁

1.5K 139 6
                                    

- C L O U D -

☁ 1 ☁
............

🍁 နှုတ်ခမ်းအောက်က မှဲ့နက်လေးအား
ရိုးတွင်းချဉ်ဆီထဲ့အထိ စိမ့်နေအောင်ချစ်သည် 🍁

____________________________________

( December - 11.12.2019 )

ချစ်စရာကောင်းတဲ့Coffeeဆိုင်လေးတစ်ဆိုင် ၊
Coffeeပူပူလေးတစ်ခွက် ၊
စာအုပ်လေးတစ်အုပ် ၊
မိုးစက်လေးတွေကတဖြောက်ဖြောက် ။

Coffeeဆိုင်ရဲ့ပြတင်းပေါက်မှန်ချပ်ကနေမိုးစက်လေးတွေကိုငေးကြည့်နေရတာလေးကသိပ်ကိုစွဲမက်ဖွယ်ကောင်းလွန်းတယ် ။ ဆိုင်ကနေဖွင့်ထားတဲ့သီချင်းသံငြိမ့်ငြိမ့်ညောင်းညောင်းလေးကလဲအလွမ်းတွေကိုထပ်တိုးပေးလိုက်သလိုဘဲ့ ။ သီချင်းသံတွေနဲ့အတူမိုးစက်လေးတွေကလည်းအပြိုင်အဆိုင်ကခုန်လို့ ။

တစ်ယောက်ထဲနေရတာကအထီးကျန်ဆန်တယ်တဲ့ ။ သူတော့မထင်ပါဘူး ။ အခုကြည့်လေ သူ့အတွက်တော့အရာရာတိုင်းက ကဗျာဆန်ပြီးလှပနေတာပါဘဲ့ ။

တိမ်တွေညို မှိုင်းနေရင် တစ်ခုခုကိုလွမ်းသလိုဖြစ်လာတဲ့ခံစားချက်ကြီးကလည်း သူ့အတွက်တော့အမြဲတမ်းဖြစ်နေကြဖြစ်ရိုးဖြစ်စဉ်တစ်ခု ။ အချိန်တွေဘယ်လောက်ဘဲ့ကြာသွားခဲ့သည့်တိုင် တိမ်တွေညို မှိုင်းနေရင်ဖြစ်ပေါ်နေကြဒီခံစားချက်ကြီးကပျောက်မသွားဘဲ့ဆက်ရှိနေတုန်း ။

အချိန်တွေကုန်မှန်းမသိမိုးစက်တွေကိုငေးကြည့်နေရာကနေအခုမိုးစက်လေးတွေလည်းစဲသွားပြီ ။ ကော်ဖီပူပူလေးတစ်ခွက်လည်းကုန်သွားပြီ ။ သီချင်းသံလေးတွေကလည်းကိုယ့်ကိုနှုတ်ဆက်နေသယောင် ။

သူ့ရဲ့ဖတ်လက်စစာအုပ်လေးကို နံဘေးအိတ်လေးထဲထည့်သိမ်းလိုက်တယ် ။ ဒီဆိုင်လေးမှာသူထိုင်နေတာတောင်အတော်ကြာသွားပြီမလား ။ ပြီးတော့ဒီနေ့က သူ့ပန်းချီသင်တန်းအတွက်သင်တန်းသားအသစ်တွေကို ခေါ်ယူမဲ့နေ့ ။

နာရီကိုကြည့်လိုက်တော့ 9နာရီခွဲ ။ ဒီနေ့သူစောစောထွက်လာမိတာဘဲ့ ။

Coffeeဆိုင်လေးကနေထွက်လာလိုက်ရင်း သူ့ရဲ့ခြေလှမ်းတွေက လမ်းကြားလေးတစ်ခုဆီ ။ 10မိနစ်လောက်လမ်းလျှောက်လိုက်တာနဲ့ အနည်းငယ်လူသွားလူလာနည်းတဲ့လမ်းကလေးပေါ်က ပန်းချီပြခန်းကဆီးကြိုနေတယ် ။

🍁 C L O U D 🍁 ( Completed)Where stories live. Discover now