Soul Mate 37

161 27 4
                                    

Zawgyi #

ဘုရင်ရန်ဝေသည် မနက်လင်းချင်းပင် ကိုယ်လက်သုံးသပ်ပြီးနောက် ၀တ်ရုံလဲကာ ဆယ်ဟွန်း၏ အဆောင်သို့ထွက်လာခဲ့သည်။ ၀တ်ရုံအပြည့်ဖြင့် အသင့်စောင့်နေသည့် ဆယ်ဟွန်းမှာ အဆောင်ရှေ့တွင် ရှိနေသည်ကို ဘုရင်ရန်ဝေတွေ့လိုက်ရသည်။

" ယောက်ဖတော် နိုးပြီလား "

" ဟုတ်ကဲ့ ၊ အသင့်ပါဘဲ ... ...သွားကြရအောင် "

ချောင်းနိုင်ငံ ဘုရင်သည် မိဖုရား ၊ အိမ်ရှေ့စံ ၊ သမီးတော် နှင့်အတူ ခန်းမထဲတွင် စောင့်နေလေသည်။ နန်းတော်ထဲရှိ လှပျိုဖြူများမှာ အကအလှများဖြင့် ဖျော်ဖြေပြီး စားကောင်းသောက်ဖွယ်များဖြင့် တစ်ခမ်းတစ်နားကြိုဆိုလေသည်။ မထင်မှတ်ထားပါဘဲ ဆယ်ဟွန်းလိုချင်သည့် အဆိပ်ဖြေဆေးမှာာ အလွယ်တကူ ရခဲ့သည့်အပြင် မဟာမိတ်ဖွဲ့ရန် အဆင်ပြေခဲ့သဖြင့် ဘုရင်ရန်ဝေမှာလည်း အံ့အားသင့်နေရသည်။ ထို့ပြင် ဘုရင်ရန်ဝေသည်လည်း ချောင်းမင်းသမီးနှင့် ကြည်နူးစရာအခိုက်အတန့်ရခဲ့သည်။

နိုင်ငံရေးသာမက အခြားအရေးများပါ တိုင်ပင်ရလွယ်ကူခဲ့သဖြင့် စိတ်ထဲတွင် သံသယဖြစ်ခဲ့သော်လည်း ဆယ်ဟွန်းမှာ လုဟန်ကို စိတ်မချသဖြင့် နောက်ရက်တွင် ချက်ချင်းပြန်ရန် ပြင်ဆင်ခဲ့လေသည်။ ဘုရင်ရန်ဝေမှာ ချောင်းမင်းသမီးနှင့် သံယောဇဉ်တွယ်ကာစ ရှိသော်လည်း ယောက်ဖဖြစ်သူ ပြန်မည်ဆိုသောကြောင့် အတူလိုက်ပါ ပြန်လာခဲ့သည်။ အလာခရီးတွင် စိတ်ပင်ပန်းနေခဲ့ရသလောက် အပြန်လမ်းခရီးတွင် ဖြေဆေးရလာသောကြောင့် ဆယ်ဟွန်းမှာ သွက်လက် တက်ကြွနေခဲ့ရသည်။

ဂျိုဆွန်းပြည်သို့ ပြည်တော်ပြန်ခရီးမှာ အေးဆေးသာယာလျှက်ရှိသည်။ မည်သည့်အနှောင့်အယှက်မျှမရှိသဖြင့် ဆယ်ဟွန်းအတွက် အရာရာထူးဆန်းနေရသည်။ လွန်ခဲ့သောတစ်ပတ်ခန့် ချောင်းနိုင်ငံကို မလာခင်သိခဲ့ရသမျှ သတင်းအတိုင်းမဖြစ်လာသဖြင့် အရာရာသတိထားနေရသည်။ တစ်မြန်နေ့ညကလည်း ချောင်းနိုင်ငံရှိ ပြင်ဆင်ပေးထားသော အဆောင်တွင် တစ်ရေးနိုးလာခိုက် လူရိပ်တွေ့ကာ လိုက်ခဲ့သော်လည်း လွတ်သွားခဲ့သည်။ အန္တရာယ်များမှာ လက်တစ်ကမ်းအလိုတွင် ပတ်လည်ဝိုင်းနေသလို ၊ ချောင်းနိုင်ငံဘုရင်မှာလည်း အလိုရှိသည်ကို အသာတကြည်ထုတ်ပေးလိုက်သည်မို့ ဟန်လေးအတွက်သာ အလျင်အမြန်ပြန်လာရသော်လည်း ဆယ်ဟွန်းစိတ်ထဲတွင် စနိုးစနောင့်ဖြစ်လို့နေ၏။

Empire's Soul MateTempat cerita menjadi hidup. Temukan sekarang