Soul Mate 42

157 23 4
                                    

Zawgyi #

" အထိန်းတော်ကြီး မင်းကြီးရှိတယ်မလား "

မိဖုရားမင်ယွီသည် ပြုံးရွှင်ကာဆိုလာသော စကားကို အထိန်းတော်ကြီးမှာ မည်သို့ တုံ့ပြန်ရမှန်းမသိ ၊ နန်းဆောင်ထဲသို့လှည့်ကြည့်လိုက် မိဖုရားကို ပြန်ကြည့်လိုက်ဖြင့် ချီတုံချတုံဖြစ်ကာနေလေသည်။

" ဪ မိဖုရားလာတာတောင် မလျှောက်တင်ဘဲနဲ့ ဘာကြောင်ကြည့်နေတာလဲ "

မိဖုရားမင်ယွီမှာ အထိန်းတော်ကြီး၏ အူကြောင်ကြောင်ဖြစ်နေပုံကို စိတ်မရှည်တော့ဘဲ တွန်းတိုက်ကာ နန်းဆောင်တွင်းသို့ဝင်သွားလေသည်။

" မိဖုရား...မိဖုရား...... "

အထိန်းတော်ကြီးမှာ လဲကျသွားရာမှ နန်းဆောင်အတွင်းသို့အလျင်အမြန်ဝင်သွားသော မိဖုရားနောက်သို့ အူယားဖားယားလိုက်ရန်ပြင်လေသည်။

" ဟင်း....အရှင်ကတော့နောက်ပြီ "

မခို့တရို့ ရီသံလွင်လွင်မှာ ပျံ့လွင့်လာသောကြောင့် ခပ်သွက်သွက်လှမ်းနေသော မိဖုရားမင်ယွီ၏ ခြေအစုံသည် ဆယ်ဟွန်း၏နန်းဆောင်တံခါးပေါက်ဝနားတွင် တုန့်ကနဲရပ်သွားလေသည်။ ချိုမြနေသော အပြုံးနှင့် မိဖုရားလီမြောင်ဟွာသည် ဆယ်ဟွန်းဘေးနားတွင် ကပ်ထိုင်ကာ ရီမောရင်း မနက်စာအတူစားနေလေသည်။

" ဪ မင်ယွီပါလား ကိုယ်တော်က မိဖုရားပင်ပန်းပြီး အိပ်နေတယ်ထင်လို့ မိဖုရားလီမြောင်ဟွာနဲ့ မနက်စာအတူစားနေတာလား ရောက်လာမှတော့ ၀င်လာခဲ့လေ ဘာလို့မတ်တပ်ကြီးရပ်နေတာလဲ"

" ဟုတ်..ဟုတ်ကဲ့အရှင် "

မိဖုရားနှစ်ဦးမှာ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းစစ်ခင်းနေကြသော်လည်း ဆယ်ဟွန်းမှာ မသိသလိုပင် မနက်စာကို စားနေလေသည်။

မီးတောက်များထွက်လုမတတ် အကြည့်များမှာ စူးရဲနေသော်လည်း အပြုံးချိုမြမြတို့မှာ မိဖုရားမျက်နှာပေါ်တွင် နေရာယူထားကြသည်။

" အရှင် ဒါလေးစားကြည့်ပါဦး "

မိဖုရား လီမြောင်ဟွာကို တစိမ့်စိမ့်ကြည့်ကာ ပြုံးနေသော အရှင်ကို မင်ယွီစိတ်တိုလို့လာသည်။ မနေ့ကပင် မိမိကိုသာအရေးလုပ်နေသော ဆယ်ဟွန်းသည် ချက်ချင်းကြီး မိဖုရားလီမြောင်ဟွာဘက်ကို ဘာကြောင့် ယိမ်းယိုင်သွားရသည်လဲ စဉ်းစား၍မတတ်။

Empire's Soul MateWhere stories live. Discover now