Soul Mate 57

144 24 8
                                    

Zawgyi #

" သမားတော် ... သမားတော် ဘတ်ဟွန်း အမြန်ခေါ် "

နန်းတော်ထဲသို့ရောက်ရောက်ချင်း ဆယ်ဟွန်းမှာ မိဖုရား မင်ယွီကို ပွေ့ချီကာ နန်းတွင်းဆေးခန်း ရှိရာဆီသို့ အပြေးသွားလေသည်။ နန်းတွင်းမှ လူအားလုံးလည်း ဆယ်ယွန်းကြောင့် အလုပ်ရှုပ်နေကြသည်။ ကြင်ယာတော် ဈာပနပွဲဖြင့် မပြီးသေး ဟန်နိုင်ငံတွင် ဖြစ်ခဲ့သည့် အမှုက ဆက်လာပြန်သည်။

" အရှင်....မိဖုရားကို ဒီပေါ်မှာ လှဲခိုင်းလိုက်ပါ နောက်ပြီး ကျွန်တော် ကုသနေချိန် အပြင်မှာ စောင့်နေပေးပါ "

ဘတ်ဟွန်းပြောသည့်အတိုင်း ဆယ်ဟွန်းမှာ ဆေးကုသဆောင်မှထွက်ကာ ညီလာခံရှိရာသို့ အမတ်များကို စုရုံးစေလိုက်သည်။ သွေးစွန်းပေကျံနေသော ၀တ်ရုံကိုပင် မလဲဘဲ အစည်းအဝေးကို စတင်လိုက်သည့် ဆယ်ဟွန်း၏ဒေါသကို အမတ်များအားလုံး ကျက်မိသလိုရှိနေသဖြင့် အသံတိတ်ကာငြိမ်နေကြလေသည်။

ဒုန်း......

စာလိပ်များတင်ထားသော စားပွဲပေါ်သို့ လက်သီးဖြင့် ရိုက်ချသံမှာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး

" အခုမိဖုရားမင်ယွီကိစ္စကို ဘယ်လိုဖြေရှင်းကြမှာလဲ ကာကွယ်ရေးဝန်ကြီး ဒီနေ့ဈာပနကို အထူးလုံခြုံရေးတွေ မပြင်ထားဘူးလား ဘာလို့ပေါ့လျော့ကြတာလဲ "

ကာကွယ်ရေးတာဝန်ယူထားရသော အမတ်ကြီးမှာ အမတ်ချုပ်ကြီး လီထယ်အွန်း၏ အရိပ်အခြည်ကို အသာကြည့်လိုက်ပြီးမှ

" အရှင် ကျွန်တော်မျိုး စိုးရွံမိပါတယ် နန်းတော်က တော်ဝင်တပ်ဖွဲ့လက်ရွေးစင်တွေကို သေချာထည့်ပေးလိုက်တာပါ အခု ကျွန်တော်မျိုးရဲ့လက်ထောက်တွေ စုံစမ်းစစ်ဆေးချက်အရ တစ်ဖက် ချောင်းနိုင်ငံက သူလျှိုတွေလက်ချက်လို့ပြောပါတယ် "

" ဘာပြောတယ် "

ကာကွယ်ရေးဝန်ကြီး တင်လျှောက်မှု အပြီးတွင် ဆယ်ဟွန်းမှာ စားပွဲပေါ်မှ ပစ္စည်းများကို ပေါက်ခွဲလိုက်လေသည်။

" အဓိပ္ပာယ်ရှိတဲ့ စကားကိုဘဲလျှောက်တင်ပါ အမတ်မင်း ဒီစကားက ကိုယ်တော် ကိုယ်တိုင်စုံစမ်း စစ်ဆေးလို့ မှန်ကန်မှု မရှိဘူးဆိုရင် မောင်မင်းကိုယ်တိုင် တာဝန်ယူရလိမ့်မယ် "

Empire's Soul MateWhere stories live. Discover now