💙21💙

1.5K 193 9
                                    

Unicode
Legend of phoenix

                         💙21💙

      ဝမ်ရိပေါ်သည် သူ့အပေါ် ဂရုစိုက်ပေးလွန်းသော ရှောင်ကျန့်ကို ပိုလို့ပိုလို့ ချစ်မိလာသည်။ အခုဆို သူ့အချစ်တွေက ရှောင်ကျန့်အရင်က ပြောခဲ့သလို တိုင်းတာလို့မရတဲ့ အနက်ရှိုင်းဆုံးသော အရာတစ်ခုဖြစ်လို့နေပြီ။ မသေမျိုးသာ ဖြစ်ခဲ့ရင် အခုအချိန် ရှောင်ကျန့်မျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်နေရပြီပေါ့။

       မသေမျိုးဖြစ်အောင် ပြန်ဝင်စားခြင်းကြောင့်သာ မဟုတ်ခဲ့ရင် သူ့ကိုယ်သူ ရှောင်ကျန့်နဲ့ခဏလေးဝေးဖို့အတွက် ရွေးချယ်ခဲ့မှာမဟုတ်ဘူး။ ရှောင်ကျန့်က အေးစက်နေတဲ့ သူ့လက်တွေကို နွေးသွားအောင် လုပ်ပေးပြီး

"အေးသေးလား...."
"မအေးတော့ဘူး ကျန့်ကော ပင်ပန်းနေပြီလား... "

"အခုတော့ မပင်ပန်းသေးဘူးလေ"
"ဟင်.... အခုတော့ ဆိုတာက?"

"မင်းမွေးဖွားရင် မင်းကိုလွမ်းနေရတာနဲ့ ငါပင်ပန်းတော့မှာ...."
"အား......"

       ဝမ်ရိပေါ် အသည်းယားလာတာကြောင့် ရှောင်ကျန့်မျက်နှာကိုဆွဲကာ နှုတ်ခမ်းတစ်စုံကို နမ်းရှိုက်လိုက်တော့သည်။ စတင်ဖိနမ်းစဥ်က ထိကပ်ထားသော နှုတ်ခမ်းသားတို့သည် တစ်ခဏအတွင်း ဖွင့်ဟလာ၍ တစ်ယောက်နှုတ်ခမ်းတစ်ယောက် အပြန်အလှန် စုပ်ယူနမ်းရှိုက်လာကြသည်။

      ဖွင့်ဟလာတဲ့ နှုတ်ခမ်းအတွင်းထဲထိ တစ်ယောက်တစ်လှည့် လျှာဖျားတို့ကိုထည့်သွင်းလို့ အစွန်းဆုံးအထိ နမ်းသည်။ ပင်လယ်လေကတော့ သူတို့ကြားထဲ မဝင်နိုင်လောက်တဲ့အထိ သူတို့နှုတ်ခမ်းသားတွေက ပူးကပ်နေလေသည်။ ဝိညာဥ်မီးလုံး သင့်တော်သူကို လိုက်ရှာနေတုန်း သူတို့က တစ်ယောက်ကိုတစ်ယောက် မကြာခဏ နမ်းရှိုက်ခဲ့ကြသည်။

       နမ်းတိုင်း မြန်ဆန်လာတတ်တဲ့ ရင်ခုန်သံဟာလည်း ရိုက်ခတ်နေတဲ့ လှိုင်းလုံးတွေထက်တောင် ဆူညံလို့နေသည်။ တစ်ဦး၏နှုတ်ခမ်းအတွင်းသားကို တစ်ဦးက ပိုင်ဆိုင်နေရတယ်လို့ ခံစားရတဲ့အထိ သူတို့ရဲ့အနမ်းတို့က အရှိန်မြင့်လို့နေသည်။

Legend of phoenix (Arc 2) Complete Tahanan ng mga kuwento. Tumuklas ngayon