💙12💙

1.5K 200 13
                                    

Unicode
Legend of phoenix

                      💙12💙

"မမ.... အားစိုက်လုပ်..."
"အင်း...."

       ယီအာက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး လက်ထဲကဓားကို လွှဲချလိုက်သည်။

'ရွှမ်း.....'

       ကြိုးကပျက်မသွားချေ။ ရှောင်ကျန့်ချည်ပေးလိုက်သော ကြိုးကို သူတို့တွေဖြတ်တောက်ပစ်ဖို့ ကြိုးစားနေတာ တော်တော်တောင်ကြာသွားပြီ။ ကြိုးကလုံးဝကို ပြတ်မသွားချေ။ နေရောင်ထွက်လာချိန်တွင်တော့ ယီအာလည်း မောပန်းနေချေပြီ။ သူတို့အားလုံး တောထဲက ရှောင်ကျန့်နေခဲ့သော အိမ်ကိုရောက်နေကြပြီဖြစ်သည်။

       ကြိုးက မည်သည့်လက်နက်မှ ဖြတ်တောက်လို့မရအောင် အစွမ်းထက်လွန်းသည်။ ယီအာ ဓားကိုပြန်ဖျောက်ပစ်လိုက်ပြီး မောင်ညီမများအား ကြည့်လိုက်သည်။

"နင်တို့ခဏနေခဲ့ကြ"
"မမ....."

"ညီမလေးတို့လည်း လိုက်မယ်လေ..."
"ငါဒီကြိုးကို ဖြတ်နေတာနဲ့ ငါ့အားတစ်ဝက်လောက်ကုန်နေပြီ... ငါနင်တို့ကို ဆွဲခေါ်မသွားနိုင်တော့ဘူး"

       အမှန်တကယ်လည်း သူမတော်တော်လေး မောဟိုက်နေပြီဖြစ်သည်။ ပြတင်းပေါက်ကြီးပေါ်သို့ ခုန်တတ်လိုက်ပြီး အနောက်ကိုတစ်ချက် ပြန်ကြည့်၏။ မောင်ငယ်ညီမငယ်တို့က သူမအား အားကိုးတကြီးကြည့်နေကြသည်။ ယီအာက ပြောလိုက်သည်။

"ငါပြန်လာမှာကို လိမ်လိမ်မာမာနဲ့ စောင့်နေ...."

"မမ....."
"မမ......"

'ဝွီ.....'

       အဖြူရောင်အတောင်တစ်စုံကို ဖန်ဆင်း၍ သစ်ပင်များထက်ကနေ ပျံသန်းထွက်ခွာသွားတော့သည်။ အလျင်လိုနေတာကြောင့် ခပ်မြန်မြန်ပင် ပျံသန်းလာခဲ့ရာ တစ်နာရီအကြာတွင် ပျက်စီးသွားပြီဖြစ်သော ဖီးနစ်အိမ်တော်သို့ ပြန်ရောက်ခဲ့၏။

       ပြာပုံတစ်ချို့၊ အုတ်ပုံတွေ၊ အကျိုးအပဲ့ အပျက်အစီးတွေ။ မြေပေါ်ဆင်းဆင်းချင်း တွေ့ရသောမြင်ကွင်းကြောင့် သူမအလွန်ဒေါသထွက်သွားသည်။ အစကတော့ ပါးပါးတို့အတွက် စိုးရိမ်မိသော်လည်း အားလုံးက စွမ်းအားရှင်တွေမလို့ လွတ်မြောက်နိုင်ကြောင်း တွေးတောမိတော့မှ စိတ်အေးသွားရသည်။

Legend of phoenix (Arc 2) Complete Where stories live. Discover now