💙13💙

1.6K 202 25
                                    

Unicode
Legend of phoenix

                       💙13💙

       ဖန်ရှန်းက ဘေးဘက်ကို ခဏကြည့်လိုက်ပြီးမှ

"သူ့နာမည်က ရင်းချောင်.... သူကအဖိုးဆီမှာ ရှယ်ယာအများဆုံး ဝင်ထားတာ... အသက်အငယ်ဆုံး ရှယ်ယာဝင်ဆိုပါတော့ မမ သူအခုအဖိုးနဲ့ ရုံးခန်းကို လာနေပြီ ကျွန်တော်သူ့ကို ဟန်ဆောင်ပြီး ချဥ်းကပ်ကြည့်မယ်..."
"မဖြစ်ဘူး...."

"မမစိတ်ချပါ... သူတို့ကျွန်တော့်ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး ကျွန်တော်ဂရုစိုက်မှာပါ.... ကျွန်တော်သူ့ကိုချဥ်းကပ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဒါမှနောက်ကွယ်ကလူကို မြန်မြန်သိရမှာ..."
"ဒါပေမယ့် ရှန်းအာ...."

"မမ ဘာမှစိတ်မပူနဲလေ... "
"ကောင်းပြီ သတိထားနော်...."

"အင်း...."

       ဖန်ရှန်း လှမ်းချောင်းကြည့်လိုက်တော့ အဖိုးဖြစ်သူနှင့် လူငယ်သည် တံခါးဝမှာရပ်ကာ စကားပြောနေကြဆဲ။ ရုတ်တရက် ရင်းချောင်က လှည့်ကြည့်လာသောအခါ သူနဲ့အကြည့်ချင်းဆုံသွားသည်။ ဖန်ရှန်း ခပ်မြန်မြန်မျက်နှာလွှဲရင် ကွန်ပျူတာဆီ အာရုံပြန်စိုက်ရန် ကြိုးစားလိုက်သည်။

       ထိုအခိုက် တံခါးဖွင့်သံ ကြားရသော် သူ့မျက်လုံးတွေ ထိုနေရာသို့ ရောက်သွားပြန်သည်။ ရင်းချောင်က သူ့ကိုမြင်သော်

"ဥက္ကဌကြီး.... သူက"
"သူက ကျွန်တော့်မြေးပါ... "

"အော်.... မြေးလား နာမည်ဘယ်လိုခေါ်လဲ "

       ဖန်ရှန်းကထ၍ မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။

"ဖန်ရှန်းပါအစ်ကို...."

       ရင်းချောင်က သူ့ကိုပြန်ပြုံးပြလာ၏။

"အဖိုး.... ကျွန်တော်အဖိုးတို့အတွက် ကော်ဖီသွားဖျော်ပေးမယ်လေ အစ်ကိုရင်းက ဘယ်လိုအရသာမျိုး သဘောကျလဲ မသိဘူး"
"အချို...."

"ကောင်းပါပြီ...."

       ဖန်ရှန်း အခန်းထဲကထွက်သွားတော့ ရင်းချောင် ထိုကောင်လေးငယ်အား တစ်ချက်လှမ်းကြည့်မိသေးသည်။ ဖေလုရှောင်သည် မြေးဖြစ်သူ၏ အကြံကိုရိပ်မိနေပြီမို့ ကြားထဲကနေ ရင်းချောင်ကို အားနာမိသား။ ဆိုရရင်လည်း သူ့မြေးငယ် ရှန်းအာက ရှောင်ကျန့်ငယ်ငယ်တုန်းကအတိုင်း ချောမောတယ်လေ။

Legend of phoenix (Arc 2) Complete Tempat cerita menjadi hidup. Temukan sekarang