💙5💙

2K 232 35
                                    

Unicode
Legend of phoenix

                       💙5💙

"ယီအာလေး မကြာခင် အရမ်းလှတဲ့အဖြူရောင် ငှက်ကလေး ဖြစ်လာမှာလို့ ပြောတော..."
"တကယ်လား...... ရေး....... အဲ့တာဆို အခုပဲပြောင်းလိုက်တော့မယ် ခုပြောင်းမယ်....."

       ယီအာ ခုန်ပေါက်ပျော်ရွှင်မြူးတူးနေချိန် သူမအသွင်ဟာလည်း တဖြည်းဖြည်း ပြောင်းလဲလာသည်။ အဖြူရောင် အမွှေးနုလေးများ မျက်နှာထက် နေရာယူလာပြီးနောက် အဖြူရောင်မီးငွေ့တို့ ယှက်သန်းလာ၏။ ထူးဆန်းတာက သူမမီးငွေ့များက အအေးဓာတ်အနည်းငယ်တောင် ရောပါနေသေးတယ်ဆိုတာပင်။

        ရှောင်ကျန့်သည် ဝမ်ရိပေါ်လက်ကိုဆွဲ၍ အပြင်သို့အမြန်ပြေးထွက်၏။ ထိုအချိန်မှာပင် တဲအိမ်ကလေးကို ဖောက်၍ ပျံထွက်သွားသော အဖြူရောင်ငှက်တစ်ကောင်ကို အားလုံးတွေ့မြင်လိုက်ရလေသည်။ အားလုံး၏အကြည့်က ထိုငှက်ကလေးဆီသို့ ရောက်သွား၏။

       အလွန်လှပသော အဖြူရောင်ဖီးနစ်ငှက်လေးသည် တစ်ချက်နှစ်ချက်လောက် အတောင်ခတ်ပြီးနောက် အောက်ကိုပြန်ပြုတ်ကျလာ၏။

"ပါပါး......"

       လမ်းတစ်ဝက်မှာတင် လူအသွင်ပြောင်းသွားသော သမီးလေးကို ရှောင်ကျန့်ပြေး၍ ဖမ်းထားလိုက်သည်။ ယီအာက ချက်ချင်းပြန်ခုန်ချကာ

"ပါပါးတွေ့လိုက်လား.... သမီးပြောင်းသွားတယ် ရေး....... အသွင်းပြောင်းပြီကွ....."

       အလွန်ပျော်ရွှင်နေသော ကလေးလေးသည် ရှောင်ကျန့်နဲ့ဝမ်ရိပေါ်အနားတွင် ပတ်ပြေးနေတော့သည်။ ကျန်ကလေးများကတော့ သူမကိုတအံ့တသြ ကြည့်လျက်။ ပြေးနေရင်း သူမလေးက ရပ်သွားသည်။

"ဒါပေမယ့် သမီးမပျံနိုင်ဘူး...."

       လူအသွင်နဲ့ ကြီးပြင်းလာသူအဖို့ တခြားအသွင်နဲ့ လေထဲတွင် မည်ကဲ့သို့ ပျံသန်းနိုင်ပါမည်နည်း။ ဝမ်ရိပေါ်သည် သမီးလက်နှစ်ဖက်ကိုဆွဲ၍

"စိတ်ဓာတ်မကျပါနဲ့.... သမီးရဲ့ပါပါးက သင်ပေးလိမ့်မယ်"
"ဟုတ်....."

       ထိုအချိန် အနီရောင်၊ အပြာရောင်၊ အဖြူရောင်တို့ ရောယှက်လျက် ထမင်းစားပွဲဝိုင်းသည် မကြာခင်အချိန်အတွင်း ကလေးများအားလုံး အသွင်ကိုယ်စီ ပြောင်းသွားကြတော့သည်။ မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် ကျန်သောသူများမှာ ပါးစပ်အဟောင်းသားဖြင့်။

Legend of phoenix (Arc 2) Complete Donde viven las historias. Descúbrelo ahora