💙11💙

1.7K 217 22
                                    

Unicode
Legend of phoenix

                      💙11💙

       မေပယ်ပင်ထက်ကနေ နေလုံးကြီး တောင်တန်းများကြား လျှိုဝင်သွားတဲ့အထိ သစ်ကိုင်းပေါ်တွင် အတူထိုင်လျက် နေဝင်ချိန်ကို ကြည့်နေခဲ့သည်။ ရှောင်ကျန့်မှာ အိမ်တော်ဘက်ကိုလည်း ခဏခဏပြန်ကြည့်ရသေးသည်။ နေဝင်ပြီးလို့ ညကိုအလင်းပေးသည့် လနှင့်ကြယ်ကလေးများ ပေါ်ထွက်လာသောအခါ အေးမြမှုကလည်း တဖြည်းဖြည်း ရစ်လွှမ်းလာခဲ့သည်။

        သူတို့သည် တစ်ယောက်လက်တစ်ယောက်ဆွဲလျက် အေးမြမှုကိုပင် သတိမထားမိကြပေ။

"ရိပေါ်.... ငါတို့ပင်လယ်ဘက်ကိုသွားပြီး ရေလူသားတွေကို ရှာကြည့်ကြမလား"
"ဟင်.... ပင်လယ်ဘက်သွားမယ်?"

"ဘာလဲ မင်းကမသွားချင်ဘူးလား"
"သွားချင်တယ် ကျွန်တော့်နုပျိုမှုလေးကို ထိန်းသိမ်းရမှာပေါ့...."

"မင်းကတော့.... "

       ဝမ်ရိပေါ်က တစ်ချက်တစ်ချက်ဆို အနည်းငယ် ဟာသဆန်သည့် စကားလုံးလေးများကို ပြောတတ်သည်။ ရှောင်ကျန့်က အပြုံးအရယ်နည်းလို့ အမြဲပြုံးနေစေချင်တယ်တဲ့လေ။ ကြယ်တွေကို အတူကြည့်ပြီးနောက် အိမ်တော်ဘက်သို့ ပေါ့ပါးစွာ ပျံသန်းလာခဲ့၏။

        အိမ်ထဲရှိ ဧည့်ခန်းတွင်တော့ ကလေးခြောက်ယောက်သည် တန်းစီကာမတ်တပ်ရပ်လျက် ရှောင်ကျန့်နဲ့ဝမ်ရိပေါ်တို့ဘက်ကို ကျောပေးထားတဲ့ ပုံစံမျိုးဖြစ်နေသည်။ ဆိုဖာတွင်တော့ ကျန့်မာမားနှင့် လင်ယွဲ့သည် အလွန်တိတ်ဆိတ်စွာ ထိုင်လျက်ရှိ၏။

       ရှောင်ကျန့်နဲ့ဝမ်ရိပေါ် ဝင်ဝင်ချင်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နှစ်ယောက်လုံးသည် နေရာတွင်ပင် ခြေစုံရပ်မိသွားသည်။

"ကျန့်ကော... ဘာလို့တိတ်ဆိတ်နေတာလဲ"

        ဝမ်ရိပေါ်က နှစ်ကိုယ်ကြား တိုးတိုးကလေးဆို၏။

"ငါလည်း မသိဘူး"
"တစ်ခုခုဖြစ်လို့လား"

        ထိုစဥ် လင်ယွဲ့က ခေါင်းလှည့်ကြည့်ကာ တစ်ပြိုင်တည်း ထရပ်လိုက်ပါတော့သည်။

Legend of phoenix (Arc 2) Complete Where stories live. Discover now