အခန်း(၁၃)
Unicode
အိမ်အိုအရှေ့သို့ ရောက်လာသည့်အခါ လေးလေးက မီးဖိုခန်းကထွက်လာ၍ သူခေါ်လာသော
လူငယ်ကောင်လေးကို သတိထားမိလေ၏။ သူဟာ အပေါင်းအသင်းမရှိသလို လူများနှင့် ရင်းရင်းနှီးနှီးမနေတတ်သည်ကို လေးလေးကိုယ်တိုင်အသိဆုံးဖြစ်၏။ ထို့ကြောင့် သူ့အနောက်လိုက်လာသော ကောင်လေးကို ကြည့်၍ အံ့သြနေသည်။
"ကိုးလ် မင်းသူများကလေးကို ခြိမ်းခြောက်ပြီးခေါ်လာတာလား..."
"မင်္ဂလာပါ ဖိုးဖိုးကြီး...သားက မောင့်နဲ့လိုက်လာတာ ဗိုက်ဆာနေလို့..."
မြူဇံ့ကိုကြည့်၍ လေးလေးက သူ့အား မျက်ခုံးပင့်ပြလိုက်သည်။ သူလည်း လေးလေးကမျက်ခုံးပင့်ပြသောကြောင့် ပုခုံးပြန်တွန့်ပြလေ၏။
"ခြိမ်ခြောက်ပြီး ခေါ်လာတဲ့ရုပ် ပေါ်နေလို့လား..."
သူခပ်အေးအေးလေးသာ ပြန်ဖြေ၍ ဘောဖိနပ်ကို ကြိုးဖြည်ရန် လှေကားထစ်တွင် ဝင်ထိုင်လေသည်။ မြူဇံသည်လည်း သူ့အနားသွား၍ ပိုပြီးနိမ့်နေသော လှေကားထစ်တွင်ထိုင်ချလေ၏။ လေးလေးသည် ပျော်ပျော်ရွှင်ရွှင်လိုက်လာသော မြူဇံကို နားမလည်သလို အူကြောင်ကြောင်နှင့် ငေးကြည့်နေမိ၏။
"သေချာလို့လာကိုးလ်... မင်း ဒီကလေးကို ဆေးတို့လိုက်တာလား..."
"..........."
"ဒုက္ခပါပဲ... သူ့ကိုဘာမကျေနပ်စရာရှိလို့ ဒီလိုလုပ်ရတာလဲ..."
သူသည် ဆံပင်များကိုဖြည်ချ၍ ခေါင်းစီးကြိုးလေးကို ဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်သည်။ အပြင်မသွားဖြစ်သည့် အချိန်များဆိုလျှင် သည်အတိုင်း ဆံပင်ချထားရသည်ကိုကြိုက်သည်။ အပြင်ထွက်မှ ဆံပင်များကို ကပိုကရိုစည်းသွားတတ်၏။ အရှေ့တွင် လေးလေးက သူ၏အဖြေကို ကြားချင်၍ သူ့ရဲ့လုပ်ရပ်တစ်ခုချင်းစီကို အကြည့်မလွဲမိဘဲ လိုက်ကြည့်လေ၏။
" လေးလေး ထမင်းခူးပေးလို့ရမလား..။ ဗိုက်ဆာနေပြီ..."
အပြင်ထည်အင်္ကျီအားချွတ်၍ သူ့က ရေကန်အနီးသွားပြီး မျက်နှာသစ်လေသည်။ ထို့အတူ မြူဇံသည်လည်း သူ့အနောက်ထပ်ကြပ် မခွာလိုက်၍ သူလုပ်သမျှလိုက်ကြည့်လေ၏။ လေးလေးမှာတော့ ခေါင်းခြောက်နေ၍...
YOU ARE READING
[ကိုးလျ]ကိုးလ် [Complete]
Romanceလောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 2020.12.11 2021.6.9