Part-27

15K 1.6K 96
                                    

Unicode

ဘုန်းယံချွန်ဆံပင်ညှပ်ပေးနေသည့်အချိန် မြူဇံငြိမ်ငြိမ်လေးနေသည်။ လိုချင်သည့်ပုံစံညှပ်ပေးနေ၍ ငြိမ်နေခြင်းဖြစ်၏။ ကိုးလ်ကလည်း တစ်ချက်မှမလွတ်ဘဲ စောင့်ကြည့်နေ၏။

"ကဲ ကဲ ပြီးပြီ"

"လှလား အစ်ကို"

ဘုန်းယံချွန်သည် မြူဇံ၏ဆံပင်ပုံစံအားကြည့်၍ ရယ်ရခက်၊ငိုရခက်ဖြစ်သွားသည်။ ငုတ်တိုကိုမှ တိုတိုလေးညှပ်ထားသောကြောင့်ပင်။ လူကောင်သေးနှင့်ကြည့်လျှင် ချစ်စရာကောင်းနေသော်လည်း လှလားဟုမေးလာသောကြောင့် ဘုန်းယံချွန်မဖြေတတ်။ ကိုးလ်၏အကြံဖြစ်နေသောကြောင့် မြူဇံကြိုက်သည့်ပုံမဟုတ်။

"လှတာပေါ့ လာပါဦး၊ ကိုယ့်အနားကို"

"တကယ်လှတာလား မောင်"

မြူဇံသည် ကိုးလ်အနားပြေးလာ၍ ရွှင်ပျနေသည်။ ကိုးလ်လည်း ဖွပစ်စရာ ဆံပင်များမရှိသည့်ကြောင့် ငုတ်တိုဆံပင်များအား ပွတ်သပ်လိုက်သောအခါ မြူဇံရိပ်မိသွားတော့မလိုလိုဖြစ်သွား၏။

"လူကြီး သားရဲ့ဆံပင်တွေအကုန်ပြောင်သွားတာလား"

"ဟာ မဟုတ်ပါဘူး၊ အရင်းနားကျန်ပါသေးတယ်"

"လူကြီး သားကိုဂတုံးတုံးပစ်လိုက်တာလား"

မြူဇံသည် မိမိ၏ဆံပင်အားပွတ်သပ်၍ ဆိုလေသည်။ ငုတ်စိတိုလောက်သာကျန်တော့သည့် ဆံပင်များကြောင့် မြူဇံထိုင်ငိုတော့၏။

"သားဆံပင်တွေ အကုန်ဖြတ်ပစ်တယ်၊ မောင်မကောင်းဘူး...။ဟီး...ဟီး..."

ကြမ်းပြင်တွင် ထိုင်ချ၍ ရှူံးပွဲချငိုချတော့၏။ ဘုန်းယံချွန်လည်း ကပ်ကြေးကိုအနောက်တွင် အမြန်ဖွက်ထားပြီး နူတ်ပိတ်နေတော့သည်။

"လှပါတယ်ဆို၊ မင်းက ဒီကေနဲ့မှာချစ်ဖို့ကောင်းနေတာ"

သူ၏စကားကြောင့် ဆူပုတ်နေသောမျက်နှာလေးက မော့ကြည့်လာသည်။ ယခုအထိ သူ၏စကားများက မြူဇံ့အတွက်အကြုံးဝင်နေ၏။ ငုတ်တိုလေးဖြစ်နေသောခေါင်းကိုပွတ်သပ်၍ မြူဇံပေကပ်ကပ်ထရပ်လိုက်သည်။

"ဒါဆို လူကြီးလည်းဒီကေညှပ်"

"အမ်...မ...မ ညှပ်ပါဘူး"

[ကိုးလျ]ကိုးလ် [Complete] Where stories live. Discover now