Extra-2

13.3K 1.3K 54
                                    

[Unicode]

"ကျုပ်အနေနဲ့က ဒီပရောဂျက်ကို ဆောက်လုပ်ခွင့်မပေးနိုင်ဘူး"

ကမ္ဘောဒီးယား ဘိလပ်မြေစက်ရုံကိုယ်စာလှယ်တစ်ဦးက ကလောမြို့တွင် ဘိလပ်မြေစက်ရုံတည်ဆောက်ချင်သည်ဟု ဆိုလာသောကြောင့် အသီးသီးက ဘုတ်အဖွဲ့အစည်းများကို အစည်းဝေးထိုင်ခိုင်း၏။ ကိုးလ်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် စက်ရုံကြီးကိုခွင်မပြုနိုင်ကြောင်း ပွင့်ပွင့်လင်းလင်းပြောပြသည်။

အစိမ်းရောင်တော ကုမ္ပဏီပိုင်ရှင်ပီပီ အစိမ်းရောင်သစ်ပင်များဖုံးလွမ်းသည့် ကမ္ဘာမြေကိုချစ်သည်။ ထို့ကြောင့် ဘိလပ်မြေစက်ရုံဆောက်လုပ်မည့် ပရောဂျက်ကိုကန့်ကွက်ခြင်းဖြစ်သည်။ ထို့အတူ အခြားကုမ္ပဏီများလည်း ကိုးလ်ရဲ့စကားကိုထောက်ခံကြ၏။

"ကိုးလ်က ဘာလို့ဒီပရောဂျက်ကို လက်မခံတာလဲ ပြောပြလို့ရမလာ၊ ငွေကြေးရေးဆိုရင်တော့ ကိုးလ်ကအများကြီးရမယ့် ကုမ္ပဏီပါပဲ"

"ဒါဆိုလည်း ပွင့်ပွင့်လင်းလင်းပဲပြောပြရမှာပေါ့၊ ကျုပ်ကသစ်ပင်တွေ သဘာဝလေပြေတွေကို အရမ်းချစ်လို့ အစိမ်းရောင်တောထဲက ကျုပ်အပင်လေးတစ်ပင်ညိုးနွမ်းသွားရင်တောင် အဲ့အပင်ကိုဂရုမစိုက်တဲ့ဝန်ထမ်းကို အပြစ်ပေးပြီးအလုပ်ထုတ်တာ၊ အခု ခင်ဗျားတို့က တောင်တစ်လုံးကိုဖြိုပြီး သစ်ပင်တွေခုတ်ပစ်မယ်ဆိုတော့ ကျုပ်မှာလက်ခံနိုင်စရာအကြောင်းမရှိပါဘူး"

"ဒါပဲမလား...မြေနေရာကတော့ ကျွန်တော်တို့ရပြီးသားပါ"

"ဒါပေမယ့် ကျုပ်တို့ဒေသခံဘုတ်အဖွဲ့လက်မခံရင် ခင်ဗျားတို့ရှေ့ဆက်တိုးခွင့်ရှိမှာမဟုတ်ဘူး၊ အခုခင်ဗျားတို့လုပ်မဲ့အရာတွေက ပတ်ဝန်းကျင်ကိုအကျဥ်းတန်စေတယ်၊ ခင်ဗျားတို့အကျိုးစီးပွားကိုပဲကြည့်ပြီး လူထုတွေရဲ့ကျန်းမာရေးတွေ ညံ့ဖျင်းသွားမှာကို ကြည့်မှာမဟုတ်ဘူး၊ ဒါကြောင့် ကျုပ်ကတော့ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး"

မိတ်ပျက်လျှင်ပျက်သွားပါစေ ဒီအရာကိုတော့ကိုးလ်လက်မခံနိုင်ပါ။ ကိုးလ်ပတ်ဝန်းကျင်တွင် လတ်ဆတ်သောလေညှင်းများ၊ လှပသောပန်းများက အမြဲတမ်းရှိနေဦးမှာ။ ကိုးလ်သည် စာရွက်နှစ်ခုထဲက တစ်ခုကိုဆွဲယူ၍လက်မှတ်ထိုးလိုက်၏။

[ကိုးလျ]ကိုးလ် [Complete] Where stories live. Discover now